အလင်း Z with Interview
ဟိုင်းးး မင်္ဂလာပါ အကို အလင်း Z
ဟုတ်မင်္ဂလာပါ
အကို့ရဲ့နာမည်အရင်းကိုပြောပြပါဦး....
ကျွန်တော့်နာမည်အရင်းက ကျော်လင်းဦးပါ
.မွေးနေ့ကိုလည်းသိချင်ပါတယ်
၁၁.၂.၁၉၈၅ပါ ပြောတော့ သိပ်ပြောချင်ဘူး.. အသက်ကြီးမှန်းလူသိမှာစိုးလို့
အကိုဘယ်အချိန်တုန်းက ဟစ်ဟော့လောကထဲကိုဘယ်အချိန်တုန်းက စရောက်ခဲ့တာလဲ..?
ကျွန်တော် ၂၀၀၉ မှစပြီး ၀င်လာတာပါ.. လုပ်နေတာတော့ တော်တော်ကြာပြီ
အကို့ရဲ့ပထမဦးဆုံးထွက်ခဲ့တဲ့သီချင်းကဘာသီချင်းလဲဆိုတာပရိတ်သတ်တွေကိုသိအောင်ပြောပြပါဦး
ကျွန်တော် ပထမဆုံး ထွက်လာတဲ့ သီချင်းက စားနေကျအခင်းရယ် .. How U wanna Luv ဆိုတဲ့ သီချင်းပါ..ကျွန်တော့်ပရိသတ်ကတော့ စားနေကျအခင်းကို ပိုသိကြတယ်ထင်တာပဲ
.အော်..ဟုတ်ကဲ့..ဘယ်သူနဲ့တွဲဆိုခဲ့တာလဲ
တစ်ယောက်တည်းပဲဆိုတာပါ နောက်တစ်ပုဒ် how U wanna luv ကတော့ သူငယ်ချင်းတစ်ယောက်နဲ့ ဆိုတာကူဆိုပေးတာပါ
အကိုအဆိုတော်တစ်ယောက်ဖြစ်ချင်အနေနဲ့ဘယ်အဆိုတော်ကိုအားကျပြီသီချင်းဆိုဖြစ်တာလဲ?
ကျွန်တော်ရဲ့ အကြိုက်ဆုံး အဆိုတော် ကတော့ ကိုရသ ပါပဲ..သူ့ ကိုအားကျတာတွေပါတာပေါ့ပြီးတော့ VIP ထွက်လာတော့လည်း ကြိုက်တယ်
ဟုတ်ကဲ့..နောက်ထပ်ဘာဆက်လုပ်ဖို့အစီအစဉ်ရှိသေးလဲ ပြောပြပါဦး
ကျွန်တော် သီချင်းပဲဆက်ဆိုမှာပါ ..အနုပညာ ၀မ်းစာ ကတော့ စုရအုံးမယ်ထင်တယ် မေး...alinz.mha@gmail.com ကိုဆက်သွယ်လို့ရပါတယ် facebook ဆိုရင်တော့ Mc Alinz ကိုဆက်သွယ်လို့ရပါတယ်..ဟုတ်
အကိုကဘာလူမျိုးလဲဆိုတာကိုလည်းသိချင်ပါတယ်
ကျွန်တော်က ဗမာလူမျိုးပါ
ရန်ကုန်သားပဲလား
ဟုတ်... ရန်ကုန်သားပါပဲ
အကိုရဲ့ဆက်ပြီထွက်မယ့်သီချင်းတွေလည်း..သိပါရစေ
ဟုတ်ရှိပါတယ်...ဒါပေမယ့် ကျွန်တော်စိတ်တိုင်းမကျသေးလို့မထွက်ဖြစ်သေးတာပါ မထွက်ဖြစ်သေးတာပါ...အဓိက ကျွန်တော့်သီချင်းတွေမှာချစ်တာနဲ့ပတ်သက်ပြီး သိပ်မပါတော့ နားထောင်ရတဲ့ အများစုအတွက်က သိပ်အဆင်မပြေဘူးလေ
ဒါကြောင့်သီချင်းထဲမှာချစ်တတ်ဖို့ကြိုးစားနေတယ် ဟဲဟဲး)
အကိုသီချင်းစဆိုတုန်းကဘယ်လိုအခက်အခဲကြုံလဲဆိုတာကိုပရိတ်သတ်တွေသိအောင်ပြောပြပါဦး
သိပ်တော့ အခက်အခဲမဖြစ်ပါဘူး NCE မှာစလုပ်တော့ ကိုထိန်ဝင်းက အစစအရာရာ အကူအညီပေးပါတယ်... ကျွန်တော်ကိုယ်ကလည်း ဂီတနဲ့သိပ်မစိမ်းဘူးဆိုတော့ အဆင်ပြေပါတယ်...ဟုတ်
အကို့မှာရင်ခုန်ရမယ့်ချစ်သူရှိလား မရှိလားဆိုတာကို..ပရိတ်သတ်တွေသိလို့ရမလား
ဟုတ်...ရင်ခုန်ခဲ့တဲ့သူတွေကတော့ အများကြီးပဲ..song hye kyo ကိုလည်း တော်တော်ရင်ခုန်ဖူးတယ်သူကတော့မသိဘူးလေ..နောက်တာပါ. ကျွန်တော့်မှာ ရင်ခုန်တဲ့သူရှိပါတယ်
သြော်..ဟုတ်ကဲ့ အကိုသီချင်းဆိုချင်တုန်းကဘယ်သူနဲ့အဆက်သွယ်လုပ်ခဲ့လဲ?
NCE နဲ့ ပါ..။ကျွန်တော့်မှာ ရေးထားတာ တီးထားတာတွေရှိတယ်လေ တော်တော်အဆင်ပြေပါတယ်..ဟုတ်
ခုလက်ရှိထွက်နေတဲ့သီချင်းတွေက ကို အလင်း Z တစ်ယောက်တည်းပဲရေးခဲ့တာလား?
ဟုတ်ကျွန်တော်ဆိုတဲ့ သီချင်းတိုင်းကိုကျွန်တော်ပဲရေးပါတယ်
ကို အလင်းZ သီချင်းရေးနေတဲ့အခါမှာဘယ်လိုခံစားချက်နဲ့ရေးခဲ့တာလဲ
မလုပ်ခင်ထဲက Plan ချထားပြီးသားပါ ဒီသီချင်းကတော့ အလွမ်း.. ဒီသီချင်းကတော့ အကြမ်း ..ဒါကတော့ အခွီပေါ့..အဲလိုချထားပြီတာနဲ့ ကျွန်တော် လွမ်းစရာရှိရင် လွမ်းလိုက်တယ်..ကြမ်းစရာရှိ ကြမ်းလိုက်တယ် ...mood ကတော့ အမြဲတမ်းမရဘူးပေါ့ ရတဲ့အချိန်လေးမှာ လုပ်ပါတယ်
အကို့သီချင်းကြမ်းတဲ့သီချင်းတွေမှာ ကောင်မလေးကိုမကျေနပ်စရာရှိလို့ ကြမ်းတာလားဒါမှမဟုတ်ရင်ဒီတိုင်းပဲရိုးရိုးဆိုတာလား
ငါးခုံးမတစ်ကောင်ကြောင့်တော့ တစ်လှေလုံးမပုပ်စေချင်ပါဘူး .. ကျွန်တော်ရေးတဲ့ အကြမ်းသီချင်းက အားလုံးကိုမရည်ရွယ်ပါဘူး တစ်ယောက်ထဲကိုပဲရည်ရွယ်ပါတယ်..အခုဆိုသူကလမ်းမှာတွေ့ရင်တောင်စကားမပြောတော့ဘူး .. အဟဲ ဒါဆိုအကိုကြမ်းတဲ့သီချင်းတွေကသူ့အတွက်ပေါ့နော်
အဲလိုလည်း ဟုတ်ပါဘူး ... ဒီသီချင်းကိုဘယ်လိုခံစားတဲ့ ပရိသတ်မျိုးနားထောင်စေချင်လည်း ဆိုတဲ့ အပေါ်မူတည်ပါတယ်
သြော်..ဟုတ်ကဲ့ အကိုအခုလက်ရှိဘာတွေလုပ်နေလဲဆိုတာကိုသိချင်ပါတယ်
ကျွန်တော် အချိန်ရရင်ရသလို သီချင်းတွေရေးပါတယ်.. တီးပါတယ်.... လက်ရှိအလုပ်ကတော့ Interior Designer လုပ်ပါတယ်
အခုနောက်ဆုံးအနေနဲ့အကို့ကိုအားပေးတဲ့ချစ်ပရိတ်သတ်များကိုဘာများပြောချင်သလဲ..?
ဘာမဟုတ်တဲ့ ကျွန်တော်လို အပေအတေကိုအားပေးတဲ့ ပရိသတ်ကို အရမ်းကျေးဇူးတင်ပါတယ်.. ကျွန်တော် ထပ်ပြီး ကြိုးစားပါအုံးမယ်လို့ ပြောချင်ပါတယ်... အားလုံးကိုချစ်ပါတယ်.......အာာာာာာ ဘွာာားးး
ခုလိုမအားရတဲ့ကြားထဲကျွန်တော်မေးသမျှမေးခွန်းတွေကိုလိုက်ပြီဖြေကြားတဲ့ကို အလင်း Z ကိုအထူးကျေးဇူးတင်ပါတယ်
ဟုတ်ကျွန်တော်က လည်း အခုလိုစိတ်ရှည်လက်ရှည်မေးတဲ့ ချစ်ညီလေးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ..အိုကီ??
ဟုတ်ကဲ့
interviwe with Myint Lay