Interview with J Ki


ဟဲလို မင်္ဂလာပါ ကို J Ki
ဟုတ်ကဲ့ မင်္ဂလာပါ ဗျာ
အကို့ရဲ့ နာမည်အရင်းက J Ki ပဲလား
မဟုတ်ဖူးဗျ နာမည်အရင်းက ရဲမြတ်အောင်ခင်ပါ
ဒါဆို မွေးနေ့ကိုလည်းသိပါရစေ...
18.09.1991 ပါ
အကိုရဲ့ပထမဦးဆုံးသီချင်းရဲ့အမည်ကိုပြောပြပါဦး..
ကိုယ့်ပထမဆုံးသီချင်းနာမည်က ချစ်ခွင့်ပေးပါ ဆိုတဲ့ RnB သီချင်းလေးပါ
သြော်...ဘယ်သီချင်းနဲ့အကို့ကိုပရိတ်သတ်က အသိမှတ်ပြုလဲလို့အကိုထင်လဲ
အင်း .... ပရိတ်သတ်က ထူးထူးခြားခြား Response ကောင်းတာတော့ ညီမလေးအတွက် ဆိုတဲ့သီချင်းပေါ့..အင်း
ပရိတ်သတ်က ထူးထူးခြားခြား Response ကောင်းတာတော့ ညီမလေးအတွက်
ဆိုတဲ့သီချင်းပေါ့ပိုကောင်းတယ်လို့ပြောကြတယ်
ကိုယ်လဲ အားသေချာ ရတာ ဒီ ခြားနားခြင်းတစ်ပုဒ်ပဲရှိသေးတယ်
အခုအကိုဟစ်ဟော့ဂီတလောကထဲကိုဘယ်အချိန်တုန်းကစရောက်ခဲ့တာလည်းဆိုတာကိုပရိတ်သတ်တွေကိုသိအောင်ပြောပြပါဦး..
အင်း သိပ်တော့မကြာသေးဘူး .... ခုဆို ၅လ ကျော်လောက်ပဲရှိဦးမယ် .... ဟိုးအရင်ကတော့
အိမ်မှာပဲလေ့ကျင့်ပီး ကွန်ပြူတာနဲ့ အသံတွေအကြမ်းသွင်းနေခဲ့တာလေ
သြော်..ဒါဆိုအကိုငယ်ငယ်လေးကတည်းကအဆိုတော်ဖြစ်ဖို့စိတ်ကူးထားလားမျော်လင့်ထားလား
အင်း ...... အဲလိုပြောလို့တော့မရဘူး..ငယ်ငယ်က ဖြစ်ချင်ခဲ့ပေမဲ့ အရမ်းကြီးတော့မဟုတ်ခဲ့ဘူး
HipHop သီချင်းတွေနားထောင်နေရရင် ပဲပျော်နေတာ..နောက်တော့
ကိုယ့်သူငယ်ချင်း ဖြစ်တဲ့ ကိုယ်နဲ့လဲတွဲဆိုပါတယ် MC Win Myat Aung က..ကိုယ့်ကို ဆိုဖို့လာခေါ်တယ် ....
အဲ့မှာ မန်းလေးမှာရှိတဲ့ ကိုဝိုင်းရဲ့ စတူဒီယို ကိုရောက်ဖူးတာအဲ့မှာ ပိုးဝင်သွားတာ
အဲ့က စပီး ဖြစ်ချင်စိတ်တွေများလာတယ်ပေါ့
ဒီနေ့ဒီချိန်ထိအကိုတစ်သက်လုံးသီချင်းတွေကိုဆိုသွားမယ်လို့စိတ်ကူးထားသလား
အင်း..... ဟုတ်တယ် .... အဲလိုစိတ်ကူးထားတယ်... ဘာလို့လဲဆိုတော့ အခုဆို သီချင်းတွေရေး သီချင်းတွေ
ဆိုနေရရင်ပျော်နေတတ်ပီလေ


သြော်..ဟုတ်ကဲ့..အကိုအဆိုတော်ဖြစ်ချင်လို့ပထမဦးဆုံးဘယ်အဆိုတော်ကိုအားကျပြီသီချင်းဆိုဖြစ်ခဲ့လဲ
အင်း...... ကိုယ်အားကျတဲ့အဆိုတော်တွေကတော့... RnB မှာဆို Bunny ဖြိုးကိုအားကျတယ် ...
ကြိုက်လဲကြိုက်တယ် Twist မှာဆိုရင်တော့ လွှမ်းပိုင်ပေါ့ ဒီကောင့်ကိုကြိုက်တယ်
အိုကေ..အကို ဘယ်အရွယ်မှာ..သီချင်းဆိုလဲဆိုတာကိုပရိတ်သတ်သိအောင်ပြောပြပါဦး
အင်း ... ကိုယ်က အခု အသက်က ၁၉လေ .. ၂၀မပြည့်သေးဘူး ၉လပိုင်း ၁၈ရက်မှ ပြည့်မှာ လွန်ခဲ့တဲ့
၅လကစဆိုခဲ့တာဆိုတော့ ကိုယ့်အသက် ၁၉ မှာသီချင်းဆိုတာပေါ့
အကိုဆိုတဲ့သီချင်းတွေမှာ..အကိုတစ်ယောက်တည်းပဲရေးခဲ့တာလား
အင်း ... ဟုတ်တယ် ..... ကိုယ်ဆိုရမဲ့အပိုင်းတွေကိုယ် ကိုယ်တိုင်ပဲရေးတယ်
ခြားနားခြင်းဆိုတဲ့အပုဒ်က Chop P နဲ့ ကိုယ်နဲ့တူတူရေးတာ RnB Chorus အပိုင်းကို
Rap ကတော့ ကိုယ့်ဟာကိုယ်ပဲရေးတယ်
အကိုသီချင်းနေတဲ့အခါမှာဘယ်လိုခံစားချက်မျိုးနဲ့ရေးတာလဲဆိုတာကိုပရိတ်သတ်တွေသိလို့ရမလား
ဘယ်လိုခံစားချက်နဲ့လဲဆိုတော့ ..... ဒီသီချင်းတစ်ပုဒ်ကို အကြောင်းရာယူတဲ့အခါမှာပေါ့ ...
ကိုယ်တိုင်ခံစားပီးတော့ အဆွေးဆိုဆွေးပစ်လိုက်တယ်အပျော်သီချင်းဆိုပျော်ပစ်လိုက်တယ်
ပီးမှ ရင်ထဲကထွက်လာတဲ့ စကားလုံးတွေကို စာရွက်ပေါ်တင်လိုက်တာပါ
ခုလက်ရှိဘာလုပ်နေလဲဆိုတာကိုသိပါရစေ
အခုလက်ရှိတော့ ကိုယ် E Major 3rd Year အဝေးသင်တက်နေတယ် ......
အလုပ်ကိုင်ကတော့ မြေကွက်ဝယ်ရောင်းလုပ်တယ်
နောက်ပီးသီချင်းရေးတယ် ဆိုတယ်ပေါ့
နောက်ထပ်ဘာများလုပ်မယ်လို့အစီအစဉ်ရှိလဲ
အင်း အခု ပရိတ်သတ်လက်ခံထားတဲ့ ခြားနားခြင်းဆိုတဲ့သီချင်း ကို ၁၂လပိုင်းထွက်မဲ့ အလန်းစား ဆိုတဲ့ VCD Album ပါဖို့ရှိတယ် အဲ့ကောင် VCD ရိုက်ဖို့ရာ ရန်ကုန်ဆင်းရမယ်
ပီးတော့ သီချင်းအသစ် ၄ပုဒ်မကြာခင်ထွက်ဖို့ရှိတယ် Twist တွေနဲ့ RnB စပ်ထားတဲ့ပုံစံမျိုးပါပဲ
သီချင်းတွေရေးနေတယ်ပေါ့
အကို့ရဲ့ချစ်ပရိတ်သတ်တွေက ဆက်သွယ်မယ်ဆို ဘယ်လိုဆက်သွယ်ရမလဲမသိဘူး..?
အင်း mail က j.ki.twister@gmail.com ( ဖုန်းက )09 6805305 ပါ
အကို့မှာ ချစ်သူရှိလား မရှိလားဆိုတာ ပရိသတ်တွေသိလို့ရမလား
ဟားဟား အင်း ... ချစ်သူလား ..... မရှိသေးပါဘူး ညီရာ ရှာတုန်းပါ
သြော်ဟုတ်ကဲ့ပါ..အကိုက Show မှာတတ်ဆိုဖို့အစီအစဉ်မရှိဘူးလား..
အစီစဉ်လား .. အင်း ရန်ကုန်ရောက်ရင် ဆိုဖို့တော့ ကိုဂျိုကာတို့နဲ့ ပြောထားတာရှိတယ်ဗျ ..... jk mc လေ
ဆိုဖို့ ဆက်သွယ်လာခဲ့ရင်တော့ ဆိုမှာပေါ့ဗျာ ကျန်တာတော့
အကိုသီချင်းရေးနေတဲ့ချိန်မှာဘယ်သူ့ကိုရည်ရွယ်ပြီရေးခဲ့တာလဲ
အင်း .... အဆွေးသီချင်းနဲ့ ရည်းစားကထားခဲ့တဲ့သီချင်းမျိုး ရေးတဲ့အချိန်မှာတော့
ကိုယ်နဲ့တူတူဆိုတဲ့ လူတွေပြောပြတဲ့ ခံစားချက်ကိုယူရေးတယ် ... ကျန်တာတော့ ကောင်မလေးလှလှလေးကိုစိတ်ကူးယဉ်လိုက်တာပေါ့
ကောင်းပါပြီ..တတ်သစ်စလငယ် Rapper တွေရဲ့အရည်အချင်းတွေအပေါ်ဘယ်လိုအကိုမြင်လဲမသိဘူး..။
တော်ကြပါတယ် ... တက်သစ်စတွေထဲက ရဲရင့်အောင်တို့ Little T တို့ကောင်းတယ် .... Yan Yan
တို့လဲကြိုက်တယ် ...ကြိုးစားနေတဲ့လူငယ်တွေအများကြီး တွေ့ရတယ်HipHop လောကကြီးတိုးတက်လာလို့
အများကြီး ၀မ်းသာမိတယ်
ဟုတ်ကဲ့..အခုနောက်ဆုံးအနေနဲ့အကို့ရဲ့ပရိတ်သတ်တွေကိုဘာများချင်လဲမသိဘူး
အင်း...... ပရိတ်သတ်ကြီး ကျန်းမာချမ်းသာကြပါစေ ပီးတော့ကျွန်တော့်သီချင်းတွေကိုလဲအားပေးနိုင်ကြပါစေလို့
ပီးတော့ ကျွန်တော့်ကို....လဲအောင်မြင်အောင်ဆုတောင်းပေးကြပါဦးလို့ပြောချင်ပါတယ်
ဟုတ်ကဲ..ခုလိုစိတ်ရှည်လက်ရှည်နဲ့မေးတာကိုလိုက်ပြီဖြေးကြားပေးတဲ့ ကို J Ki ကိုကျေးဇူးတင်ပါတယ်
ဟုတ်ကဲ့ အခုလို မေးမြန်းပေးတဲ့ myanmarhiphopmusic.com ကိုလဲကျေးဇူးတင်ပါတယ်

Recent Comments

MHM Chat

Search All Songs Here

95.1 Street FM Online Radio

Followers

Facebook

Enter your email address:

Twitter Update