Interview With အောင်ရဲထိုက်



မင်္ဂလာပါနော် ကိုအောင်ရဲထိုက်
ဟုတ် ကဲ့  ပါခင်ဗျာ..

အရင်ဦးဆုံးသိချင်တာက အကို့ရဲ့နာမည်အရင်းနဲ့မွေးနေ့လေးပြောပြပေးပါဦး...

အောင်ရဲထိုက်ဆိုတဲ့နာမည်က ငယ်စဉ်က ရှိခဲ့တာလား ဒါမှမဟုတ် အနှပညာကိုရောက်မှရွေးခဲ့တာလား
အောင်ရဲထိုက် ဆို တာ ကျွန်တော့် နာမည် အ ရင်း ပါ ခင် ဗျာ ဟုတ် မွေးနေ့  က တော့ ၂၃ ၂ ၁၉၉၂ ပါ ခင် ဗျာ
ငယ်ငယ် ထဲ က မေမေ ပေးထား တယ့် နာမည် အ ရင်း ပါး)
သီချင်း ဆို တော့ လဲ နာမည် အရင်းပဲ ပေးဖြစ် သွား တာ ပါ.

အကိုအနုပညာထဲကိုဘယ်တုန်းကစဝင်ရောက်ခဲ့လဲ
.ဟုတ် ကျွန်တော် ၂၀၀၈ မေလ လောက်မှာ ပါ

အကိုဘာကြောင့်အနုပညာကိုစိတ်ဝင်စားတာလဲ ဝါသနာပါလို့လား ဒါမှမဟုတ်လို့ အဆိုတော်ဖြစ်ချင်လို့လား
ကျွန်တော် သီချင်း ဆို ချင်း နဲ့  သီချင်း ရေး ချင်း အတက် ကို ဝါသနာ ပါ လို့ ပါ ခင်ဗျာ ဟုတ်

သီချင်း စဆိုတဲ့အချိန်မှာခုလက်ရှိဆိုတဲ့သီချင်းတွေထဲက ဘာများကွာခြားမှုရှိပါသလဲခင်ဗျ
ကွာခြား မှု့ တော့ ရှိ ပါတယ် အ ရင်ကထက်စာရင်တော့ နည်းနည်းလေး ပို ပြီး နားလည် လာပါတယ် ဟုတ်
နောက်ထပ်အကို့သီချင်းအသစ်တွေ..solo Album ထွက်ဖို့ရှိသေးလား
ဟုတ်ကဲ့  ကျွန်တော် ကြိုးစားနေပါတယ် ခင်ဗျာ အခု့  ကျွန်တော် solo တွေလုပ်ထားပါတယ်။
solo album လုပ်ဖို့ လဲ ရည်ရွယ်ချက် ရှိ ပါ တယ် ခင်ဗျာ ဟုတ်
တကယ်လို့အကို သီချင်းမဆိုတဲ့ချိန်မှာ တစ်ခြားအပြင်အလုပ်လုပ် လုပ်ပါသလား
တခြား အ ပြင်အလုပ်တော့ မ လုပ်ဖြစ် ပါ ဘူး ခင်ဗျာ ဟုတ်

နောက်ပြီးတော့အကိုသီချင်းဆိုရင်အချစ်သီချင်းကိုကြိုက်လား..ဒါမှမဟုတ်ရင်ဖြဲတဲ့သီချင်းကို ကြိုက်လား
အဲဒီလို တော့ မ ရှိဖူးဗျ music ပုံစံ အစုံတော့နားထောင်ဖြစ်ပါတယ်

အကိုတစ်ကိုယ်တော် Album ထွက်ဖို့ကော အစီအစဉ်မရှိဘူးလား
ထုက်ပေးမယ့်  producer တွေ ရှိရင် တော့ ထုက်ချင်တာပေါ့ဗျား) အ ခု လောလောဆယ်တော့ sample တောင်အနိုင်နိုင်ဖြစ်နေတာ
အကိုဘယ်နှစ်ခုနစ်တုန်းက သီချင်းကိုစလုပ်ခဲ့တာလဲ..ခင်ဗျ
၂၀၀၈ မေလ မှာပါ ဟုတ်
အကို အထင်ကြီးအတုယူရတဲ့ အဆိုတော် ကောရှိလား ဘာဖြစ်လို့သူတို့ကိုအတုယူခဲ့တာလဲ
အထင်ကြီးအတုယူရတဲ့ အဆိုတော် တွေ ကတော့ အ များကြီးပါပဲ

အကိုအရင်ကရောခုရော စင်ပေါ်တတ်ဆိုခဲ့ဖူးလား
ဆိုဖူး ပါတယ် ခင်ဗျား အရင်တုန်းက B-Clipz အနေနဲ့  underground ပွဲတော်တော်များများ ဆိုဖူးပါတယ် နောက်ပိုင်းတော့ ဒီသီချင်းကြီးပဲ မဆိုချင်ကျ တော့တာ နဲ့ သီချင်း သစ်တွေ လုပ်ရင်း ရှိုး မ ဆို ဖြစ်တော့ တာပါ ။ ဟုတ်

နောက်ထပ်စင်ပေါ်တတ်ဆိုဖို့စိတ်ကူးရှိလား
စိတ်ကူးရှိ ပါတယ် ဆိုဖို့ အခွင့်အရေး ရရင် စင်ပေါ် မှာ ဆို ဖြစ်မှာပါ ဟုတ်း)

အကိုလုပ်ဖြစ်တဲ့သီချင်းတွေအာလုံးထဲမှာဘယ်သီချင်းက အကို့စိတ်ထဲမှာအားရဆုံးလဲ
သီချင်း တိုင်း ကို တော့အ ကောင်း ဆုံးကြိုးစားထားပါတယ် ။ သီချင်းတိုင်းကိုလဲအားရပါတယ်

အကိုသီချင်းစလုပ်တုန်းကဘယ်လိုအခက်အခက်အတွေ့အကြုံတွေလည်းပြောပြပါဦး
အခက်အခဲ ကတော့ ကျွန်တော်မှ မဟုတ်ဖူး သီချင်း စဆို မယ့် လူတိုင်း နီးပါး အခက်အခဲ ရှိမယ်လို့ ထင်ပါတယ် ။
ဒါပေမယ့် recoding ဝင်တာကြာလာတာနဲ့ သူဟာနဲ့ သူ အစဉ်ပြေသွားမယ် ထင်ပါတယ်

တကယ်လို့အခု..အကိုသီချင်းမဆိုဖြစ်ခဲ့ရင်ခုချိန်မှာဘာလုပ်ဖြစ်မယ်ထင်လဲ
ကျွန်တော် သီချင်း မဆို ဖြစ်ခဲ့ဘူး ဆို ရင် ဘောလုံးသမား ဖြစ်နေ လောက်ပြီ ဗျး) ကျွန်တော် ဘောလုံး အသေကန်တား) ဒီ music မလုပ်ခင်အထိ ပေါ့ :D
အကို့ကိုသွန်သင်ပြပေးတဲ့ဆရာရှိရင်လည်းပြောပြပါဦး
အဲ ဒီလိုဆရာ ရယ် လို့ တော့မ ရှိပါဘူး ခင်ဗျာ ဟုတ် ။
အကိုအနှစ်သက်ဆုံးနိုင်ငံခြားသီချင်းတစ်ပုဒ်လောက်ပြောပြပါလား
အကြိုက်ဆုံးတွေကများတယ်ခင်ဗျ ၃ ပုဒ်လောက်ပြောမယ်း) nelly just a dream pitbull nae ne-yo yae` give me everything CB nae` JB yae` *next 2 you*
တို့ ကအခုလက်ရှိ ကျွန်တော်အကြိုက်ဆုံးတွေကြီးဘဲ။


အကိုသီချင်းဆိုတဲ့ပုံစံနဲ့အကို့သီချင်းထဲကသီချင်းတစ်ပုဒ်ထဲက စားသားနည်းနည်းလောက်ပရိတ်သတ်ကြီးကိုရွတ်ပြနိုင်မလား
(ငါတို့ မတွေ့ တော့ဘူးကွာ ....... ခံနိုင်ရည်တွေကုန်ဆုံး သွားခဲ့ ပြီလား ..... အချိန်တွေကြာရင် နင်မေ့ လို့ သွားမှာပါ )

အခုဆိုရင် သီချင်းစဆိုတဲ့လူငယ်တွေလည်းတော်တော်များပါပြီ အဲ့ဒီလူငယ်တွေကိုအကိုဘာများအကြံပေးချင်သလဲခင်ဗျ
ဘာမှမပြောလိုပါဘူးခင်ဗျာ ဘာဖြစ်လို့ လဲဆို တော့ ကျွန်တော်လဲကြိုးစား စဲ လူငယ် ၁ယောက် ဖြစ် တယ့်  အတွက် ကျွန်တော်လဲ လေ့လာ သင်ယူနေစဲမို့လို့ပါ ဟုတ်း)
ဘာမှပြောစရာမလိုအောင်လဲ တော်တယ့် လူတွေ ကြီး ပါပဲ

ခုခေတ်လည်း.. Hip Hop တွေပေါသလိုRnb တွေလည်းတော်တော်ပေါပါတယ်..အဲ့ဒါတွေအကိုဘယ်လိုမြင်လဲ

အဲဒီလိုမျိုးစိတ်ဝင်စားတယ့် လူတွေပေါလာ တာကောင်းပါတယ် ဒါပေမယ့် ကျွန်တော်တို့ ရပ်တည်နေတယ့် ဒီ music မပေါသွားဖို့တော့လိုတယ် လို့ တော့ ထင် ပါတယ် ။
ဟုတ် ဒါကလဲ ကျွန်တော့ အမြင်ကိုပြောတာပါ :)

ခုလက်ရှိအကိုဘာတွေလုပ်နေလဲဆိုတာကို ပရိတ်ကြီးကိုပြောပြပါဦးခင်ဗျ
ကျွန်တော်သီချင်း 3 ပုဒ် ဖြန့်ဖို့ ရှိပါတယ် ခင်ဗျာ နောက်ပြီးတော့ ကျွန်တော့  mixtape အတွက်လဲ သီချင်းတွေစုနေပါတယ် ပြီးတော့ ပိုက်ဆံ လဲ စု နေပါ တယ်း) solo mixtape ထုက်ချင်တယ့် အတွက် ကြောင့်ပါ :)
ဒီနှစ်ထဲမှာအကိုနောက်ထပ်ဘာများလုပ်မယ်လို့စိတ်ကူးထားလဲ
ဒီနှစ်ထဲမှာ ကျွန်တော် သီချင်းတွေရေးပြီး ဆို ဖြစ်နေအုန်းမှာပါ :D

အကို့ဘဝမှာ..အရေးကြီးဆုံး..ဆုတောင်းရမယ်ဆိုရင်ဘာများဆုတောင်းမလဲခင်ဗျ
ကျွန်တော့ဘဝမှာ..အရေးကြီးဆုံး..ဆုတောင်းရမယ်ဆိုရင် ကျွန်တော့ကို အခွေ ထုတ် ပေးမယ့် producer မြန်မြန်ပေါ်လာပါစေ ပေါ့ဗျာ :D

အကို့သီချင်းတွေရေးတဲ့အခါမှာဘယ်လိုခံစားချက်မျိုးနဲ့ရေးတာလဲ
ဆိုတော့အဲ့လိုမပြောတတ်ဘူးဗျာ

သီချင်းတွေရေးတဲ့အခါမှာဘယ်လိုခံစားချက်မျိုးနဲ့ရေးတာလဲ
သီချင်းရေးချင်နေတယ့် စိတ်ရယ် သီချင်းရေးဖို့ ခံစားချက်ရှိတယ့်အချိန်တွေပဲရေးဖြစ်တာများပါတယ်

အကိုတို့ဖွဲ့ကဘယ်နှစ်ခုနစ်တုန်းကစဖွဲ့ဖြစ်လဲပြီးတော့အကိုတို့ရဲ့အဖွဲ့က ဘယ်နှစ်ယောက်လောက်ရှိမလဲ
B-Clipz ကို ၂၀၀၈ ဧပြီ လ ကုန်မှာ ဖွဲ့ ဖြစ် တာပါ စဖွဲ့တုန်း က member ၉ယောက် ရှိပါ တယ် အ ခုတော့ အကြောင်းကြောင်းတွေကြောင့် လက်ရှိ မှာ ၅ယောက် ပဲ ရှိပါတယ် ခင်ဗျာ ဟုတ်

အကို ပထမဦးဆုံးသီချင်းကိုလုပ်တုန်းက..စိတ်ထဲမှာဘယ်လိုနေလဲ ရင်တွေဘာတွေခုန်လား
စိတ်တွေဘယ်လိုလှုပ်ရှားပါသလဲ
ပထမဦးဆုံးသီချင်းကိုလုပ်တုန်းက..စိတ်ထဲမှာဘယ်လိုနေလဲ ဆို တော့ ကိုယ် ဟာကို ရင်ခုန် တာထက် ငါ first time ဆိုတယ့် သီချင်းဂွမ်း သွား မလား ဆို တယ့် အတွေး မျိုး တော့ဝင် တယ်ဗျး)
ကျန်တာတော့ဘာမှသိပ်မဖြစ်ပါဘူး ဟုတ်

ကိုယ့်သီချင်းကိုကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတာလားဒါမှမဟုတ်လို့ Copy တွေကို လုပ်ဖူးလား

ကျွန်တော်ဆိုတယ့် သီချင်း ကိုယ်တိုင်ရေးပြီးကိုယ်တိုင်ဆိုပါ တယ် ခင်ဗျာ ဟုတ် Copy တော့မလုပ်ဖူးပါဘူး ဒါပေမယ့် နဲနဲ ကြိုက်တယ့် ပုံစံလေး တွေ ဆို မှီငြမ်းတာလေ တွေတော့ ရှိလာမှာပါ ဟုတ်း)

အကိုပေါ့နော်..ဘယ်တုန်းက Hip Hop Crazy ဖြစ်ခဲ့လဲ

Hip Hop Crazy ဖြစ်ခဲ့တာတော့ တော်တော် ကြာပါပြီး)

Reay MC တစ်ယောက်ဖြစ်ဖို့ ဘယ်အရည်အချင်း ဘယ်အနေအထားလောက်ကြိုးစားခဲ့ရမလဲ

အရမ်းကောင်းပါတယ် အဲဒီလိုဖြစ်လာတာ ။ ကျန်တာတော့ ကျွန်တော်လဲ သိပ်မပြောတတ်ဖူးခင်ဗျာ ဟုတ်း)

အကိုရဲ့အထင်အမြင်ချက်တွေသိပြီးပြီဆိုတော့ကျန်တဲ့အချစ်ရေးနည်းနည်းလောက်ပြောပြပါဦး...
ကျွန်တော် ရဲ့ အချစ် ရေး က တော့ တစ်ယောက်ထဲနေနေရတုန်းပါဘဲ ဗျာ :D

အကို့ကိုပရိတ်သတ်တွေဝေဖန်မှုတွေပေးချင်ရင်ဘယ်လိုဆက်သွယ်ရမလဲခင်ဗျ

ကျွန်တော့် ကိုဝေဖန်အကြံပေး ချင်ရင် တော့ tayalay7@gmail.com နဲ့ facebook မှာဆို Aung Ye
Htik တို့ နဲ့ဆက်သွယ် နိုင်ပါတယ်ခင်ဗျာ

ခုနောက်ဆုံးအနေနဲ့ပရိတ်သတ်ကြီးတွေကိုကို ရဲအောင်ထိုက် ဘာများပြောချင်သလဲခင်ဗျ

ကျွန်တော် သီချင်းတွေ ကို လဲ အားပေးကျပါလို ကျွန်တော် သီချင်းတွေကိုအချိန်ကုန်ခံပြီး နားထောင် ပေး ကျတဲ့ ပရိတ်သတ် ကျန်းမှာပါစေ ချန်းသာပါ စေ လို့ ကျွန်တော်ဆုတောင်းပေးပါတယ်း)

ခုလို မေးတဲ့မေးခွန်းတွေကိုစိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ကိုအောင်ရဲထိုက်ကိုကျေးဇူးတင်ပါတယ်နော်

ကျွန်တော်လဲ ကျေးဇူးအများ ကြီးတင်ပါတယ်ခင်ဗျားး)

Recent Comments

MHM Chat

Search All Songs Here

95.1 Street FM Online Radio

Followers

Facebook

Enter your email address:

Twitter Update