Life Of HipHop
ဟစ်ဟော့ ဂီတ (Hip hop music) သည် ၁၉၇၀ ခုနှစ်လောက်က နယူးယောက်မြို့ရှိ အာဖရိကန်-အမေရိကန် များအစပြုခဲ့သော ယဉ်ကျေးမှု လှုပ်ရှားမူ့တစ်ရပ် ဖြစ်သည်။ ဟစ်ဟော့ ယဉ်ကျေးမူ့တွင် အဓိကအစိတ်အပိုင်း လေးမျိုး ပါဝင်ပြီး၊ ၎င်းတို့မှာ...။
တို့ပါဝင်သည်။ အခြား အစိတ်အပိုင်းများအဖြစ် Beatboxing (ပါးစပ်ဖြင့် စည်းချက်များပြုလုပ်ခြင်း) Fashion (၀တ်စားဆင်ယင်မူ့ ပုံစံ) နှင့် Slang (ဗန်းစကားများ အသုံးပြုခြင်း) တို့လည်းပါဝင်သည်။ ပထမဆုံးအကြိမ် Bronx နယ်မြေ တွင် ကျင်းပအစပြုရာမှ ဟစ်ဟော့ ယဉ်ကျေးမူ့သည် ကမ္ဘာအနှံ့ ကျယ်ပြန့်သွားခဲ့သည်။
ဟစ်ဟော့ဂီတသည် DJs(Disc Jockey) များက Turntables ဟုခေါ်သော ဓါတ်ပြားဖွင့်စက်နှစ်လုံးနှင့် စည်းချက်ညီသော ရိုက်ချက်သံများ ထွက်လာအောင် ဖန်တီးခြင်းဖြင့်စတင်ခဲ့သည်။ နောက်ပိုင်း ထိုရိုက်ချက်များပေါ်တွင် Rap ဟုခေါ်သော ကာရံညီအောင် ရွတ်ဆိုသွားသည့် တေးစာသားများကို ထည့်သွင်း ပေါင်းစပ်ခဲ့သည်။ ထိုကဲ့သို့ရွတ်ဆိုခြင်းကို rapping ဟုခေါ်ကာ သီဆိုသူများကို rapper ဟုသုံးနှုန်းသည်။ နောက်ပိုင်းတွင် သီဆိုသူRapper များကို MC ဟုလည်းခေါ်ကြသည်။ ဆန်းကြယ်သော အကပုံစံများနှင့် သီးခြားဝတ်စားဆင်ယင် ပုံစံမျိုးသည် ထိုဂီတသစ်ကို ကြိုက်နှစ်သက်သော လူများကြားတွင် ခေတ်စားလာသည်။ ထိုဝတ်စားဆင်ယင်ပုံစံ များသည် ယဉ်ကျေးမူ့သမိုင်းတွင် ဟစ်ဟော့ ယဉ်ကျေးမူ့ကို အသိမှတ်ပြု လာရအောင် လွှမ်းမိုးလာခဲ့သည်။
ဟစ်ဟော့ပ်ဂီတသည် မြန်မာနိုင်ငံ၏ ဂီတသမိုင်းတွင် ရော့ခ်အင်ရိုး ခေါ် ရော့ခ်ဂီတပြီးလျှင် မြန်မာလူငယ်များကို စွဲဆောင်မှုအရှိဆုံး ဂီတဖြစ်ခဲ့သည်။ ထိုဂီတကိုသာ လူငယ်များက နှစ်ခြိုက်ရုံသာမက ထိုဂီတနယ်ပယ်မှ အဆိုတော်များဖြစ်သည့် ရက်ပါများ ဝတ်ဆင်ကြပုံကိုမှာလည်း ခေတ်လူငယ်များအတွက် အကြိုက်တွေ့စရာ ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံတွင် rap ဂီတကို မျိုးကျော့မြိုင် မှအစပြုသီဆိုခဲ့သော်လည်း ဟစ်ဟော့ဂီတအဖြစ်ပီပီပြင်ပြင် ပေါ်ပေါက်လာခြင်း မရှိခဲ့ပေ။ မြန်မာနိုင်ငံ၏ပထမဆုံးဟစ်ဟော့ အယ်လဘမ်အဖြစ် အက်စစ်အဖွဲ့ ၏ စတင်ခြင်း အခွေ ၂၀၀၀ ခုနှစ်တွင် ထွက်လာခဲ့သည်။ ထိုနောက်ပိုင်းတွင် ဟစ်ဟော့ဂီတသည် မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ပေါ်ပြူလာ ဖြစ်နေသော ဂီတအမျိုးအစားဖြစ်လာသည်။ မြန်မာနိုင်ငံတွင် တခြားသော ဟစ်ဟော့ယဉ်ကျေးမူ့များထက် fashion နှင့် rapping တို့ကို လူငယ်များပိုကြိုက်နှစ်သက်ကြသည်။ ယနေ့ မြန်မာဂီတလောကမှာ Hip Hop နဲ့ ထိပ်ဆုံးကို ရောက်ရှိနေကြသူတွေကတော့ စိုင်းစိုင်းခမ်းလှိုင်၊ အနဂ္ဂ၊ ဘာဘူ၊ ဂျေးမီ၊ ထွန်းထွန်း၊ ရဲလေးတို့ ဖြစ်ကြသည်။
Contents
[hide]
* 1 စကားလုံးရင်းမြစ်
* 2 နောက်ခံ သမိုင်းကြောင်း
* 3 ဟစ်ဟော့ဂီတ၏ လူမူ့ရေးဆိုင်ရာရိုက်ခတ်မူ့များ
* 4 ဟစ်ဟော့ဂီတ၏ ကမ္ဘာလုံးဆိုင်ရာရိုက်ခတ်မူ့များ
* 5 အဲလက်ထရို-ဟစ်ဟော့ပ် (Electro Hip-Hop)
* 6 အကိုးအကား
စကားလုံးရင်းမြစ်
၁၉၀၄ အစောပိုင်းကာလတွင် hip ဆိုသောစကားလုံးကို အာဖရိကန်-အမေရိကန်တို့က တိုင်းရင်းအင်္ဂလိပ်စကားအဖြစ်အသုံးပြုခဲ့ကြသည်။ ထိုလူထုသုံးစကား hip ၏ အဓိပ္ပါယ်မှာ တိကျစွာပြောခြင်း(informed) နှင့် လက်ရှိ(Current) ဆိုသောသဘောဖြစ်၍ မူရင်းhep ဆိုသော စကားမှ ဆင်းသက်လာသည်။
rapper တစ်ယောက်ဖြစ်သော Keith Wiggins မှ အမေရိကန်ရေတပ်မတော်တွင် စစ်မူ့ထမ်းနေသော သူ၏ သူငယ်ချင်းဖြစ်သူကို နောက်ပြောင် ရာမှ hip-hop ဆိုသော စကားလုံးပေါ်ပေါက်လာသည်။ စစ်သားများ လေ့ကျင့်ချီတက်ရာတွင် ညာသံပေးသော တက်သံကျသံကို စည်းချက်ကျကျ hip-hop hip-hop ဟုလိုက်အော်ရာမှ ထိုစကားလုံးဖြစ်လာသည်။ ထိုတက်သံ၊ကျသံ hip-hop ကိုနောက်ပိုင်းတွင် keith Wiggins ကသူ၏ စင်မြင့်ဖျော်ဖြေပွဲတစ်ခုတွင် အသုံးပြုခဲ့သည်။ သူတို့အဖွဲ့အားလည်း ဂီတသစ်တစ်မျိုးကို စတင်ဖန်တီးနေသော DJs များက those hip-hoppers များဟုရည်ညွှန်းပြောဆိုခဲ့ကြသည်။ ထိုစကားလုံး hip-hop ၏ အဓိပ္ပါယ်မှာ မလေးစားခြင်း၊သရော်လှောင်ပြောင်ခြင်း ဟု မူလကအဓိပ္ပါယ်ရသော်လည်း နောက်ပိုင်းတွင် ထိုဂီတအသစ်နှင့်ယဉ်ကျေးမူ့ကို ကိုယ်စားပြုသည့် အဓိက စကားလုံးဖြစ်လာသည်။ အဖွဲ့အမျိုးမျိုးက ထိုစကားလုံးကို သုံးခဲ့ကြပြီး ဟစ်ဟော့ရှေ့ဆောင်လမ်းပြ တစ်ယောက်ဖြစ်သော အာဖရိကဘန်ဘာတာ Afrika Bambaataa မှ ၁၉၈၁ ခုနှစ်တွင် ထွက်ရှိသော single album "positive life" တွင်ထည့်သွင်းအသုံးပြုခဲ့သည်။ ထိုအချိန်မှစ၍ ဟစ်ဟော့ဆိုသော စကားလုံးသည် ယဉ်ကျေးမူ့စာမျက်နှာတစ်ခုအဖြစ် တစ်ကမ္ဘာလုံးသို့ ပြန့်နှံ့သွားခဲ့သည်။