Interviwe with Oasix
မင်္ဂလာပါ ကို Oasix
ဟုတ်ကဲ့
ကို Oasix ရဲ့နာမည်အရင်းကိုပြောပြပါဦး..ဗျာ
ဟုတ်..သက်ကိုထွန်းပါ
မွေးနေ့ကိုလည်း..ပရိသတ်တွေကိုသိအောင်ပြောပြပါဦး
မွေးနေ့က.... ၁၈ ရက် ...၁၂ လ..... ၁၉၉၂ ပါ...အသက်က ၁၈ ပေါ့
ဒါဆို..ငယ်ငယ်လေးပဲရှိသေးတာပေါ့ အကို့ရဲ့ပထမဦးဆုံးသီချင်းက ဘာသီချင်းလဲမသိဘူးခင်ဗျာ

ပထမဆုံးသီချင်းက....ကျနော့်သူငယ်ချင်းပေါ့...ကျနော်တို့ပထမဆုံးသီချင်းစလုပ်မယ်ဆိုပီး..ချိန်နေကြတာတော့ကြာပီ...အဆက်အသွယ်မတွေ့တာနဲ့မလုပ်ဖြစ်ပဲကြာနေတာ ၈ လလောက်ကြာတယ်... မအတွက် ဆိုတဲ့ သီချင်းပါ...ဇင်ယော်ရယ် ကျနော်ရယ် ၂ယောက်ဆိုထားတဲ့ သီချင်းလေးပါ..
ဟုတ်ကဲ့..အကို့သီချင်းတွေအားလုံးပေါင်းဘယ်နှစ်ပုဒ်လောက်လုပ်လုပ်ပြီလဲသူများတွေနဲ့တွဲဆိုတာရောပေါ့နော်
သေချာတော့မမှတ်မိတော့ဘူးဗျ...မပီးသေးတာတွေကောဆိုရင်...၁၈ ၁၉ လောက်ပဲ ရှိဦးမယ်ထင်တယ်..

သြော်..ဟုတ်ကဲ့ အကိုဒီဟစ်ဟော့လောကဟစ်ဟော့သီချင်းစဆိုတုန်းကဘယ်နှစ်ခုနှစ်မှာလဲမသိဘူး
အမှန်အတိုင်းဆိုရင်မကြာသေးပါဘူး...တစ်နှစ်ခွဲ လောက်ပဲရှိဦးမယ်..
ဒါနဲ့ အကိုအသက်ဘယ်နှစ်နစ်မှာသီချင်းစဆိုခဲ့တာလဲ..မသိဘူး
သီချင်းစဆိုတာကတော့ ဆိုနေတာပဲ...သီချင်းစ သွင်းဖူးတာကတော့...အသက်...၁၇ လောက်က စသွင်းတာလေ...
ဟို မအတွက်ဆိုတဲ့ သီချင်းကိုပေါ့...
အကို သီချင်းမဆိုမခင်မှာ ဘယ်သူနဲ့အဆက်သွယ်လုပ်ဖြစ်ခဲ့လဲပြီးတော့ဘယ်လိုအတွေ့အကြုံ ကြုံတွေ့နေရလဲဆိုတာကိုချစ်ပရိတ်သတ်တွေသိအောင်ပြောပြပါဦး
ဟုတ်...သီချင်းမဆိုခင်...ကျောင်းမှာပေါ့...သီချင်းလုပ်မယ် ဘာလုပ်မယ်...နဲ့....သီချင်းတွေရေး...တီးလုံးမရှိဘာ မရှိ...လျောက်ဆို...အဲလိုမျိုးနဲ့....ကျနော်ရယ် ဇင်ယော်ရယ်...အကိုတစ်ယောက်နဲ့တွေ့တယ်...သူက အဲသီချင်းကိုတီးပေးတယ်...studio ပိုင်းကိုကျ .ကျနော်သူငယ်ချင်း...ဗထူးး(Capital)တို့နဲ့ ဆက်သွယ်မိပီး..သီချင်းစလုပ်မိတာပဲ...
ခု...ကိုOasixရဲ့ အသံကိုကြီုက်တဲ့ပရိသတ်တွေများအတွက်သီချင်းလေးတစ်ပုဒ်စာသားနည်းနည်းလောက်ရွတ်ပြပေးလို့ရမလားဘူးနော်..
ကျနော်အသံကိုမကြိုက်ကြပါဘူးဗျ....ဟဟ...ကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့....သီချင်းအသစ်ရွတ်ပြမယ်လေ..(.ငါ့အသံကနတ်သံ ဆိုရင်တောင်...မင်းအသံနဲ့ယှဉ်ရင်တော့..
အဲဒီနတ်သံက ဒပ်ဂျမ်.) ...
ဟုတ်ကဲ့..အကိုဆိုတဲ့သီချင်းတိုင်းမှာကိုယ်တိုင်ဆိုတာပဲလားဒါမှမဟုတ်ရင်ကိုယ်ဆိုတဲ့အပိုက်ကိုကိုယ်ရေးတာလား
ဟုတ်...ကိုယ်ဆိုတဲ့သီချင်းတိုင်းကိုယ်ရေးပါတယ်..တခါတလေသူငယ်ချင်းတွေသီချင်းလည်းရေးပေးဖြစ်ပါတယ်
ကို Oasix သီချင်းမဆို ဖြစ်ခင်တုန်းကပေါ့နော်..ဘယ် အဆိုတော်ကိုသဘောကျပြီသီချင်းလုပ်ဖြစ်ခဲ့လဲ ?
အဲလိုအတိအကျတော့မရှိပါဘူး..UnderGround ကသီချင်းတွေနားထောင်တာများတော့...လုပ်ချင်တဲ့စိတ်တွေအရမ်းများပြီး..
လုပ်ဖြစ်ခဲ့တာပါ.
ဟုတ်ကဲ့...အကို ရေးသမျှသီချင်းတွေကို ကိုယ်ခံစားချက်နဲ့ကိုယ်ပဲပေါ့နော်
ကိုယ့်ခံစားချက်နဲ့ကိုယ်ပါပဲ.ကျန်တာကတော့...စိတ်ကူးယဉ်ဆန်ဆန်နဲ့ရေးလိုက်တာပါပဲ..ဘေနှိုက်တဲ့ Rapper ဆိုတဲ့သီချင်းဆိုရင်...ကျနော်ရယ် Yzet ရယ် Alatt ရယ်...ည ဘက်ဦး..ဘေဆိုင်တစ်ဆိုင်မှာ ရုပ်ပေါက်ရင်း..စိတ်ကူးမိပီး..ရေးထားတာပါ.
အကိုရေးခဲ့တဲ့သီချင်းတွေကိုဘယ်သူ့ကိုရည်ရွယ်ပြီ သီဆိုထားတာလဲမသိဘူးနော်
အင်း..တယောက်သောသူပေါ့...ဘယ်သူလဲလို့တော့မပြောတော့ပါဘူးဗျာ...သီချင်းတွေနားထောင်ရင် သိမှာပါ...း)
အကိုမပြောလည်းပရိတ်သတ်တွေသိပြီးသားနေမှာပေါ့နော်ဘာလို့လဲဆိုတော့ Faceook မှာပုံရှိထားပြီးသား..
အယ်...ဒုတ်ခပဲ...
အကိုလုပ်သမျှသီချင်းတွေ အားလုံးထဲမှာဘယ်သီချင်းကိုကျေနပ်အားရဆုံးလဲသိဘူးနော်
အဲလိုတော့မရှိပါဘူး....အားလုံးကိုကျေနပ်အားရအောင်လုပ်ထားပေမဲပ..တတ်နိုင်သလောက်တော့ကြိုးစားနေပါတယ်..သီချင်းအားလုံးကို.....
ဟုတ်
ဟုတ်ကဲ့..ဥပမာပေါ့နော် အကို့မွေးနေ့ဖြစ်ဖြစ် သူငယ်ချင်း မွေးနေ့ ဖြစ်ဖြစ် ပါတီဖြစ်ဖြစ် ရှိုးပွဲမှာသီချင်းဆိုဖို့အစီအစဉ်ရှိဘူးလား..ခင်ဗျာ
အရင်ကဆိုရင်တော့ .ပါတီမှာ.တို့..ဈေးပွဲတော် Promotion တို့မှာတော့..ဆိုဖြစ်ပါတယ်.သူငယ်ချင်းတွေနဲ့အတူ
အခု ခေတ်လူငယ် Rapper လူငယ်တွေခေတ်စားနေတဲ့ခေတ်မှာအကို့ကိုပရိတ်သတ်တွေဆက်သွယ်မယ်ဆိုရင်ဘယ်လိုဆက်သွယ်မိသိမလဲဘူးဗျာ
online မှာ ဆိုရင်...emceeoasis@gmail.com အဲဒါကျနော်သုံးတဲ
G talk ပေါ့..အဲမှာဆက်သွယ်လို့ရနိုင်ပါတယ်...
ဟုတ်ကဲ့..ကျွန်တော်တို့ Myanmar HipHop Music နဲ့ပတ်သက်ပြီ အကိုဘယ်လိုမြင်မသိဘူးဗျာ
ဟုတ်....ဘယ်လိုပဲဖြစ်ဖြစ်.. Hip Hop သီချင်းတွေကြည့်ပဲတင်တဲ့ Site တစ်ခု ဆိုတော့ မိုက်ပါတယ်..ဟုတ်....ဒီထက်ပိုပီးးသီချင်းတွေလည်းစုံစုံလင်လင်တင်နိုင်ပါစေ..အောင်မြင်ပါစေ..

ဟုတ်..အကိုကိုဘယ်သီချင်းနဲ့ပရိတ်သတ်တွေသိများလဲ ဗျာ
ကျနော်ကိုအခုထိတောင် လူတော်တော်များများမသိသေးပါဘူးဗျာ....လူနည်းနည်းလောက်သိတဲ့သီချင်းဆိုရင်တော့...ဘယ်သူကိုချစ်လဲ..(K.Hein & Tayza Mc ) ရယ်...အဲသီချင်း ဖြစ်မယ်ထင်တယ်..
အဲ့ဒီသီချင်းကိုလည်းတော်တော်ကောင်းတယ်..အဲ့ဒီသီချင်းရဲ့အကြောင်းနည်းနည်းပြောပြပေးလို့ရမလား ဘယ်သူ့အကြောင်းကိုရေးပေးတယ်ဆိုတာကိုပေါ့

အဲသီချင်းက အစက..သူငယ်ချင်းတစ်ယောက်လာအပ်လို့ရေးပေးထားတာဗျ...သူကမဆိုဖြစ်တော့ဘူးဆိုတာနဲ့...ကျနော်အဲသီချင်းကိုလုပ်ဖြစ်သွားတာပါ...
ချစ်တဲ့သူတွေကိုယ်ချစ်တဲ့သူကိုရည်ရွယ်ချက်ထားပြီးနားထောင်လို့ရမှာပါ....
နောက်ထပ် ဘာဆက်လုပ်ဖို့အစီအစဉ်ရှိလဲဆိုတာကိုသိပါစေနော်..

ကျနော့် Mixtape လုပ်နေပါတယ်...ဟုတ်...Solo Mixtape .နောက် ၂လလောက်တော့ကြာမယ်ထင်တယ်..လုပ်နေတာတော့ကြာပီမျောနေတာနဲ့ပဲ...နောက်၂လလောက်ဆိုရင်တော့ပြီးပါပီ..ဟုတ်.း)
အကို ခုလက်ရှိဘာလုပ်လဲဆိုတာကိုလည်းပရိတ်သတ်တွေကိုပြောပြပါလား
လက်ရှိလား...စာမေးပွဲနီးလို့...အခုတော့....စာတွေလိုက်စုနေတယ်...စာကျက်မလို့တော့မဟုတ်ဘူး. Pocket လုပ်ဖို့ပေါ့..mixtape လည်းလုပ်နေပါတယ်.ဟုတ်...အတတ်နိုင်ဆုံးတော့ကြိုးစားနေပါတယ်..
ဟုတ်ကဲ့ပါ...ပေးတဲ့ဆုအတိုင်းလိုက်လုပ်နိုင်ပါစေလို့..မျှော်လင့်ပါတယ်.
အကို ခုလက်ရှိဘာလုပ်လဲဆိုတာကိုလည်းပရိတ်သတ်တွေကိုပြောပြပါလား
လက်ရှိလား...စာမေးပွဲနီးလို့...အခုတော့....စာတွေလိုက်စုနေတယ်...စာကျက်မလို့တော့မဟုတ်ဘူး. Pocket လုပ်ဖို့ပေါ့..mixtape လည်းလုပ်နေပါတယ်.ဟုတ်...အတတ်နိုင်ဆုံးတော့ကြိုးစားနေပါတယ်..
အကို့မှာ..သိပ်ချစ်ရမယ့်ချစ်သူရှိတယ်လို့ Facebook မှာတွေ့ထားပါတယ်အဲ့ဒါဟုတ်လား..မသိဘူးခင်ဗျာ
ဟုတ်...တွေ့တဲ့အတိုင်းပါပဲခင်ဗျ
ဟုတ်ကဲ့..ဒီလောက်ဆို..ပရိတ်သတ်တွေသိလုံလောက်ပါပြီ ခုလိုအချိန်ကုန်ပြီ မေးသမျှမေးခွန်းများကို Oasix ကိုကျေးဇူးတင်ပါတယ်
ဟုတ်ကဲ့ပါ...ကျနော်လို ဘာမှမဟုတ်သေးတဲ့လူတစ်ယောက်ကို..စိတ်ရှည်ရှည်နဲ့..စောင့်ပြီးမေးနိုင်တဲ့အညီနဲ့ ညီတို့ website ကိုလည်းကျေးဇူးတင်ပါတယ်
ဟုတ်ကဲ့နောက်လည်းဒီထက်မက ကို Oasix အောင်မြင်မှုတွေကိုရနိုင်ပါစေဗျ..