Interview with Naung Gyi
Q..မင်္ဂလာပါကိုနောင်....
A..ဟုတ်ကဲ့ ထပ်တူထပ်မျှပါပဲ ညီ
Q..အကို့ကိုဘာလို့နောင်ကြီးဆိုတဲ့နာမည်ကိုခေါ်တာလဲ ခင်ဗျ
A..နာမည်အရင်းက ထွန်းနောင်ဦးလေ သူငယ်ချင်းတွေက နောင်နောင်လို.ခေါ်တယ် အဲ့ထဲက တစ်ယောက်က တွေ.တိုင်း (သားကြီး) (သားကြီး) ဘာလုပ်လဲ ညာလုပ်လဲပေါ့ အဲ့ဒါ ငါ့ကိုအဲ့လိုမခေါ်နဲ. ငါမကြိုက်ဘူးဆိုလို. သူက နောင်ကြီးလို.ခေါ်မယ်ကွာဆိုပြီး ခေါ်တာ သူကစပြီးတော့ အဲ့နာမည် အကုန်လုံးလိုက်ခေါ်ဖြစ်သွားတာ
သီချင်းဆိုတော့လည်းနောင်ကြီးနဲ.ဖြစ်သွားတာ
Q.ဟုတ်ကဲ့ အကိုရဲ့ မွေးတဲ့ရက်တွေကိုလည်းပရိတ်သတ်ကြီးကိုထပ်ပြီပြောလိုက်ပါဦး
A..မွေးနေ.က ၁၂.၉.၉၂ ပါ ၁၉ကျော်ပြီပေါ့
Q..အကိုဘယ်တုန်းကစပြီဟစ်ဟော့ဂီတထဲကိုဝင်ရောက်ခဲ့တာလဲ ခင်ဗျ
A..အကိုက ၁၅ ရက်နေ. ၇ လပိုင်း ၂၀၁၀ က ပါ
Q..ပထမဆုံးလုပ်ဖြစ်တဲ့သီချင်းက ဘာအမည်လဲမသိဘူး
A..ပထမဆုံး စလုပ်တဲ့ သီချင်းက ဖောင်းသီချင်းလေးပါအခုတော့ ဒေတာရိုက်ချိုးလိုက်ပြီ
သိတဲ့လူဆိုလို့ ၃ယောက်လောက်ပဲရှိတယ်
Q..ဟုတ်ကဲ့..အကို့လုပ်ခဲ့တဲ့သီချင်းတွေအားလုံးပေါင်းရင်ဘယ်နှစ်ပုဒ်လောက်ရှိပြီလဲ..
A..သီချင်းပေါင်းအားလုံး ၃၂ပုဒ် လောက်ရှိပါတယ် ညီ
Q..အကိုလက်ရှိဒီနှစ်ထဲမှာဘာလုပ်ဖို့အစီအစဉ်ရှိလဲ.
A.. အကိုက လယ်ဂျန်ဒရီက ကိုဘမောင်နဲ့ တစ်ပုဒ်ရှိတယ် ပြီးတော့ ကော်မာရှယ် တွေ တော်တော်များတယ် လုပ်ဖို့က သီချင်းပိုင်းပေါ့ ကျန်တာတော့ ထူးထူးခြားခြား မရှိပါဘူး ညီ
Q.. အကိုတစ်ကိုယ်တော်ထွက်မဲ့ ခွေတို့မရှိဘူးလား
A...ရှိခဲ့ရင်လည်း အိမ်မက်ပါပဲ
Q.. အကို့ရဲ့ ကမ္ဘာခြား အတုယူရတဲ့ အဆိုတော်တွေရှိရင်ပြောပြပါလား
A..အတုတော့ဘယ်သူ.ဆီကမှမယူဘူး ဗျ အကုန်လုံးနားထောင်ပါတယ်
Q.. နောက် စင်ပေါ်တတ်ဆိုဖို့အစီအစဉ်မရှိဘူးလား
A.. အခွင့်ရိှခဲံ့ရင်ပေါ
Q..အကိုရယ် ပေါက်စရယ် Crazy ရယ်ဘယ်တုန်းကစတွေ့ပြီ သီချင်းစလုပ်ဖြစ်ခဲ့လဲ..
A... အကိုတို. Younger မှာ အားလုံးပေါင်း ၄ယောက် နောင်ကြီး ပေါက်စ Crazy ပိုင်ဟိန်း (ပေါက်စရယ် Crazy )နဲ.ကတော့ လုပ်ဖြစ်တာ ၄ လလောက်ပဲရှိပါသေးတယ်
Q.. ဟုတ်ကဲ့..သီချင်းစဆိုတဲ့ Rapper တွေကိုလည်းအကိုအနေနဲ့ဘယ်လိုအကြံပေးချင်လဲမသိဘူး
A..သီချင်းများများနားထောင်ပါ လေ့လာပါ သူမျာတွေ ဘယ်လိုလုပ်သွားလဲ ဘယ်လိုလုပ်ခဲ့လည်း သူတို့ဘာတွေလေ့လာလဲ သူတို့ခံယူချက်တွေ သူတို.ကြိုးစားမှုတွေ ကိုယ့်အလည့်ကျရင် ဘယ်လိုဆိုတာပေါ့ အခြေခံလေးပါ အကိုလည်း ဆရာမလုပ်ချင်ဘူး ဟိဟိ
Q. .Real MC ဖြစ်လာဖို့တစ်ယောက်ဘယ်လိုအနေအထားလို့ကြိုးစား၇လဲဗျာ..အကို
A..ပြောရရင်တော့ မလွယ်ဘူးဗျ တော်တော်ခက်ခဲမယ် အခုမှခြေချစတင်မယ့်လူတစ်ယောက်အတွက်ပေါ့
Q..ဘယ်လိုကြိုးစားခဲ့တာလဲ ဘယ်လိုအနေတွ့အကြုံမျိုးကြုံခဲ့ရလဲဆိုတာကိုပြောပြပါဦး
A... အကို က အမှန်တိုင်းပြောရရင် Real Mc မဟုတ်သလို Mc ဆိုတာကိုလည်း မခံယူထားပါဘူး Crazy က ရှည်ပြီးတော့ နာမည်အရှေ.မှာ Mc ဆိုပြီး တပ်လိုက်တာ အဲ့ကနေဖြစ်သွားတာပါ အကို ကြုံတွေ.ရတာကတော့ သီချင်းနဲ.ပက်သက်တာလောက်ပဲ ဖြစ်မှာ လူတွေပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ Mc ဖြစ်ဖို.ကြိုးစားခဲ့တဲ့ အတွေ.အကြုံတော့မရှိဘူး
Q..သြော်..ဟုတ်ကဲ့ အကို့သီချင်းတွေကိုကိုယ်တိုင်ရေးတာလား ဒါမှမဟုတ်..ကော်ပီတွေကိုရေဖူးလား
A..သီချင်းစလုပ်ကတည်း ကော်ပီ မလုပ်ဘူးလို. ဆုံးဖြတ်ပြီးမှ စခဲ့တာပါ သီချင်းတိုင်းက ကိုယ်တိုင်ရေးတာပါ သူများရေးပေးတာကိုလည်း မဆိုဘူးပါဘူး
Q... အကို့သီချင်းတွေကိုယ်တိုင်ရေးတယ်ဆိုတော့ဘယ်လိုခံစားချက်နဲ့ရေးခဲ့တာလဲမသိဘူးနော်
A..ဆော်ရီးဗျ ရည်းစားမထားဘူးတဲ့လူတစ်ယောက်အတွက်ခံစားချက်နဲ.ရေးဖို.ဆိုတာမလွယ်ဘူး အကိုက သူငယ်ချင်းတွေကပြောတဲ့ theme တွေယူပြီးရေးတာလောက်ပဲရှိတယ် ခံစားချက်နဲ.ရေးတဲ့သီချင်းကတော့ ဖြစ်မလာသေးပါဘူး (ဟဟား)
Q..အကိုသီချင်းစဆိုတုန်းက ဝါသနာပါလို့ဆိုတာလား ဒါမှမဟုတ်လို့ အဆိုတော်ချင်ဖြစ်ရုံသက်သက်လား
A..သီချင်းစဆိုတုန်းက ကိုယ့်သီချင်းကို ကိုယ်ပြန်နားထောင်ရုံလောက်ပါပဲ ဆိုခဲ့တာ ၀ါသနာပေါ့ သီချင်းလည်းရေးတတ်လို့ ရေးပြီး ဆို ရေးပြီးဆိုနဲ. နောက်ပိုင်း Crazy နဲ.တွေ.ပြီးတော့ သူက ဆိုဒ်ပေါ်တင်ပေးမယ်ဆိုတာနဲ. ဒီလိုလိုင်းဘက်ကိုရောက်ခဲ့တာပါ အဆိုတော်လို့ အခုထိ မခံယူသေးပါဘူး လိုအပ်ချက်လေးတွေရှိသည့်အတွက်ပါ
Q..ဟုတ်ကဲ့..ပါအကိုလုပ်ခဲ့တဲ့သီချင်းတွေထဲမှာဘယ်သီချင်းကိုကျေနပ်အားရလဲ
A..မီးလေးနဲ့တွဲဆိုထားတဲ့ (ငါ့ရဲ.အချစ်နင့်ရဲ.အပြစ်) တစ်ယောက်တည်းဆိုထားတဲ့ (မတွေ.ကျရင်) အဲ့ဒီနှစ်ပုဒ်ပါ :P
Q..အဲ့ဒီသီချင်းကိုလည်းကျွန်တော်အရမ်းကြိုက်ပါတယ်ခံစားချက်နဲ့လည်းအရမ်းတူတယ်နော်..အဲ့ဒီသီချင်းရေးတဲ့ခံစားချက်ကိုနည်းနည်းလောက်ပြေပြနိုင်မလား
A.. (ငါ့ရဲ.အချစ်နင့်ရဲ.အပြစ်) ကတော့ မီးလေးခံစားချက်ပေါ့ (မတွေ့ကျရင်) ကတော့ သူငယ်ချင်းတစ်ယောက်အဖြစ်လေးပါ သူကမင်းသီချင်းဆိုနေတာပဲ ငါ့အဖြစ်လေးလည်း ထည့်ဆိုပေးပါဆိုလို့ ဟိဟိ
Q...ဟုတ်ကဲ့..ဒီမြန်မာပြည်ရဲ့ R&B လောကကိုပေါ့လူငယ်တစ်ယောက်အနေနဲ့ဘယ်လိုမြင်လဲ
A..အကိုက R&B မဆိုတော့ မသိဘူးဗျ ကောင်းတယ်ပဲပြောရမှာပေါ့် မကောင်းဘူးပြောရင် ဆိုတဲ့လူတွေ လာရိုက်နေဦးမယ် ဟဟိ
Q..ကျွန်တော်နားထောင်တဲ့ကိုနောင်သီချင်းထဲမှာသီချင်းစာသားကအလန်းပဲမိုက်တယ်..လန်းတဲ့သီချင်းထဲတစ်ပုဒ်လောက်ပရိတ်သတ်ကြီးတွေကို ရွတ်ပြလို့နိုင်မလား
A..ဟုတ်ကဲ့ရပါတယ်..ထွက်ခွာသွားတဲ့လူတစ်ယောက်အတွက့်စိုးရိမ်ခြင်းနဲ့ပူနေရတဲ့ မျှော်လင့်ခြင်းနဲ.လူတစ်ယောက်အတွက် ၀ိုင်းပြီးပြောမယ့် လူတွေကလည်း စာနာခြင်းမရှိ ဒါကမင်းအသိ ငါ့ဘက်ကို တစ်ခါမှမင်းမကြည့် အပြုံးနဲ.လက်ပြနှုတ်ဆက်သွားတဲ့ ငါ့ဘ၀ရဲ့ အာဂမင်းသမီး
Q..နိုင်ငံခြား Hip Hop Music တစ်ပုဒ်လောက် ပြောပြပါလား
A.နားထောင်မိတဲ့ သီချင်းတော်တော်များများ ကြိုက်ပါတယ်
Q..အကိုအရင်ရော..အခုရော စင်ပေါ်တတ်ဆိုခဲ့ဖူးလား
A..ကျောင်းမှာ ပါတီ တွေမှာလောက်ပါပဲ
Q.. အကို့ကိုကြိုက်တဲ့ပရိတ်သတွတွေကို ဘယ်လိုမျိုးအဆက်သွယ်ပေးချင်လဲ Gmail ပေးမလား fAcebook ပေးမလား
A... ဂျီမေးက younger.nggyi@gmail.com facebook ကတော့ Mc Nggyi ပါ
Q...နောက်ဆုံးအနေနဲ့ ကိုနောင် ပရိတ်သတ်ကြီးကိုဘာများပြောချင်လဲမသိဘူးခင်ဗျ
A..နေ့စဉ်နဲ့အမျှအရာရာအဆင်ပြေပါစေလို့ ဆုတောင်းပေးနေပါတယ်လို့ ပရိတ်သတ်ဟုတ်ဟုတ်မဟုတ်ဟုတ်ပါ
Q..ကျွန်တော်မေးတာတွေကိုအကုန်လိုက်ပြီဖြေကြားပေးတဲ့ကိုနောင်ကြီးကိုကျေးဇူးတင်ပါတယ်
A..အကို့လိုမဖြေတတ်တဲ့လူတစ်ယောက်ကို စိတ်ရှည်ပြီး မေးတဲ့ ညီ့ကိုလည်း ကျေးဇူးတင်ပါတယ်
Q..ဟုတ်ကဲ့..နောက်ထပ် ကိုနောင်ကြီး အောင်မြင်မှုတွေကိုရနိုင်ပါစေဗျာ
A..ပေးတဲ့ဆုနဲ.တည့်တိုးပါစေ..ဟိဟိ