interview with Tay Za MC


> မင်္ဂလာပါ ကိုတေဇ...ကျွန်တော်က Myanmar HipHop Music
> ကအုပ်ချူပ်ရေးတစ်တစ်ယောက်ပါအကို့ကိုနည်းနည်းလောက်အင်တာဗျူးချင်လို့ပါ
> .ဟုတ်ကဲ့ပါ မေးပါခင်ဗျာ !!


ပထမဦးဆုံးအကိုရဲ့နာမည်အရင်းပြီးတော့မွေးနေ့ရယ်ပရိတ်ကြီးကိုတစ်ချက်လောက်သိရအောင်ပြောပြပါဦးခင်ဗျာ
> နာမည်အရင်းကတော့ စိုးလင်းထိုက်ပါ မွေးနေ့ကတော့ 25.12.1990 ပါ !!

> အကို့ကိုဘာကြောင့်တေဇခေါ်တာလဲ?
> ဟက် .. ဟက် ဒါကတော့ ရယ်ရတယ်ဗျ ... ပထမတုန်းက ကျွန်တော် သီချင်းဆိုတဲ့ နာမည်က Small ပါ နောက်တော့ သီချင်းတစ်ပုဒ်လုပ်နေရင်းနဲ့ ဒီနာမည်နဲ့ဆိုရင် လူတွေရယ်ကြလိမ့်မယ်ပေါ့ အဲ့လိုတွေးနေရင်းနဲ့ တေဇ ဆိုတဲ့ နာမည်တစ်ခုစဉ်းစားမိလို့ အဲ့ဒါလေးကြိုက်တာနဲ့ လုပ်ဖြစ်သွားတာပါ !!!


> ကိုတေဇအခုပညာရေးတွေဘာတွေလုပ်ရှားနေလဲဆိုတာကိုပြောပါဦးလား
> ဘာတွေလှုပ်ရှားနေလဲဆိုတော့ ကျွန်တော် အခုတလော စိတ်တွေရှုပ်နေတာရယ် စာမေးပွဲ အတွက်လုပ်နေတာရယ်ကြောင့် ဘာမှတော့ထွေထွေထူးထူးမလုပ်ဖြစ်ပါဘူး တီးလုံးလေးတွေတီးနေတယ် ပြီးတော့ Official အတွက်ပြင်ဆင်နေပါတယ် !!!


အကို့ကိုပရိတ်သတ်တွေလည်းတော်တော်များများသိလာပြီဆိုတော့အကို့ကိုယ်အကိုကျေနပ်မှုရှိလား
> ကျွန်တော့်သီချင်းတွေကို ပရိတ်သတ်တွေ သိတာကို ကျေနပ်ပါတယ် ဒါပေမဲ့ ကျွန်တော်ကိုကျွန်တော် တော့ မကျေနပ်သေးပါဘူး ပရိတ်သတ်တွေ အများကြီးသိလောက်အောင်လည်း ကျွန်တော်မတော်သေးပါဘူး ဒါပေမဲ့ကြိုးစားနေပါတယ်ဗျာ ဒီထက်ပိုပိုကောင်းလာဖို့ကိုပေါ့ဗျာ !!


> နောက်အကိုဒီ Hip Hopလောကထဲကိုဘယ်တုန်းကစတင်ရောက်ခဲ့တာလဲမသိဘူး...နော်
> ကျွန်တော် 2008 လေးလ ပိုင်းလောက်တုန်းက စတင်ဝင်ရောက်ခဲ့တာပါ !!!


> အခုအကိုပေါ့နော်..MC
> တစ်ယောက်ဖြစ်ဖို့ဘယ်လိုကြိုးစားခဲ့ရလဲဆိုတာကိုပရိတ်သတ်ကြီးကိုပြောပြပါဦးခင်ဗျ
> ဟုတ်ကဲ့ ကျွန်တော် ဘယ်လိုမျိုးကြိုးစားခဲ့ရလဲဆိုရင်တော့ ကျွန်တော်စာကျက်နေရင်းနဲ့တောင် အဲ့ဒီစာကိုကျွန်တော် Rap လိုမျိုးဆိုခဲ့တာပါ ~~~


> အကိုပထမဦးဆုံးလုပ်ခဲ့တဲ့သီချင်းရဲ့အမည်ကိုပြောပြပါဦး..
> ဘယ်လိုရှေ့ဆက်မှာလဲ ဆိုတဲ့သီချင်းပါ !!

> နောက်..အကိုလုပ်သမျှသီချင်းကိုဘယ်သီချင်းကိုကျေနပ်အားရဆုံးလဲ
> ဘယ်သူ့ကိုချစ်လဲ သီချင်းနဲ့ ကျွန်တော့် Official Cd မှာပါမဲ့ Oh Baby Gud Night သီချင်းနှစ်ပုဒ်ကို စိတ်ကျေနပ်အားရပါတယ် !!!


> အကိုသီချင်းတွေအာလုံးပေါင်းရင်ဘယ်နှစ်ပုဒ်လောက်လုပ်ဖြစ်ပြီလဲမသိဘူးနော်
> 50 ကျော်လောက်တော့ရှိလောက်ပါပြီ !!!!


> အဆိုတော်ဖြစ်ချင်တဲ့လူငယ်တွေရောအကိုဘယ်လိုအကြံပေးချင်ပါသလဲ?
> ဟုတ်ကဲ့ အကြံပေးချင်တာကတော့ လူတိုင်းမှာ အရည်အချင်းဆိုတာရှိကြပါတယ် ဒါကြောင့် အားမလျှော့ပါနဲ့လို့ ပြောချင်ပါတယ် ကိုယ်က ဒါကို တကယ်စိတ်ပါနေပြီဆိုရင် သေချာလုပ်ပါ နာမည်ကြီးအောင်လို့ ပျင်းလို့လျှောက်လုပ်တာမျိုးတော့ မဖြစ်စေချင်ပါဘူးဗျာ !! ကိုယ်လုပ်မဲ့အနုပညာကို လုံးဝ ယုံကြည်ပြီးလုပ်တာမျိုးဆိုရင်တော့ အမြဲတမ်းကြိုဆိုနေပါတယ်ဗျာ


> Real MC တစ်ယောက်မှာရှိသင့်တဲ့ အရည်အချင်းတွေက ဘယ်လိုထင်လဲ
> ကျွန်တော်ကတော့ Beating ကိုနားထောင်ပြီးတော့ Bounce ဖြစ်အောင်ရေးနိုင်ရမယ် ဆိုနိုင်ရမယ် Flow ကို သူများနဲ့မတူအောင်ထိန်းကျောင်းနိုင်ရမယ်လို့ထင်ပါတယ် !!!


> အကိုလုပ်ခဲ့သီချင်းတွေကို အကိုကိုယ်တိုင်ပဲရေးတာလား
> ဟုတ်ပါတယ် အရင်တုန်းက ဆိုခဲ့တဲ့ ဘယ်လိုရှေ့ဆက်မှာလဲ သီချင်းနဲ့ ထာဝရမင်း သီချင်းနှစ်ပုဒ်ကတော့ ကျွန်တော့်သူငယ်ချင်း ပြည့်စုံ ရေးပေးတာပါ !!!



> ကိုယ်တိုင်သီချင်းရေးတဲ့အခါမှာဘယ်လို ခံစား ခံယူချက်နဲ့ရေးခဲ့တာလဲ..ဒါမှမဟုတ်
> Copy တွေရေးခဲ့ဖူးလား
> တစ်ခါတစ်ရံတော့ ကျွန်တော့် ခံစားချက်အတိုင်းရေးပါတယ် ဒါပေမဲ့ တစ်ခါတစ်လေမှပါ များသောအားဖြင့်တော့ ပတ်ဝန်းကျင်ကနေ ကုန်ကြမ်းရှာပြီး ရေးပါတယ် !! အကုန်လုံးနီးပါးကတော့ Realism တွေပါပဲ !!!! Copy ရေးဖူးလားဆိုတော့ ရေးခဲ့ဖူးပါတယ် အခုထိလည်း နည်းနည်းပါးပါးတော့ လုပ်နေပါတယ် ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာက တီးလုံးကောင်းတစ်ပုဒ်ရဖို့ဆိုရင် 1 သိန်းခွဲလောက်ကုန်တယ်လေ ကျွန်တော် အဲ့ဒီလောက်မတတ်နိုင်ပါဘူး ဒါကြောင့် ကျွန်တော် ကြိုက်တဲ့နိုင်ငံခြားက တီးလုံးလေးတွေကို သူငယ်ချင်းတွေကို ပြန်တီးခိုင်းပြီး ဆိုဖြစ်တာပါ ~~~ နောက်တော့ လုံးဝ Copy မလုပ်တော့ဖို့ အစီအစဉ်ရှိပါတယ် ~~~~



> အခုဆိုရင် မြန်မာရဲ့ Hip Hop လောကမှာ အစစ်တွေရော၊ အတုတွေရော ရောနေတယ်ပေါ့နော် ။
> အဲဒီအပေါ်မှာ Rapper တစ်ယောက်ဖြစ်တဲ့ ကိုတေဇကရော ဘယ်လိုမြင်လဲ။ ဘာပြောချင်လဲ
> အဲ့ဒါတွေကို ဝေဖန်ဖို့အတွက် ကျွန်တော့်မှာ အရည်အချင်းမရှိပါဘူးဗျာ !!! အဓိကကတော့ ကိုယ့်ခံယူချက်နဲ့ကိုယ်ပါပဲ ~~~



> သီချင်းတွေမလုပ်ခင်မှာပေါ့နော်ဘယ်အဆိုတော်ကိုအားရပြီ
> သီချင်းလုပ်ဖြစ်ခဲ့လဲမသိဘူးဗျာ
> အမှန်အတိုင်းပြောရရင်တော့ ကျွန်တော် ကို ဂျောက်ဂျက်ကိုအရမ်း Crazy ဖြစ်ပြီးလုပ်ခဲ့တာပါ ~



> ဒီ မြန်မာပြည်ရဲ့ R&B လောကကိုပေါ့ လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ
> ကျွန်တော် အပေါ်မှာပြောခဲ့သလိုပါပဲဗျာ ကျွန်တော် သူများကို ဝေဖန်အကြံပေးရအောင် မတော်သေးပါဘူး သူတို့ကို ဝေဖန်ပေးမှာက ပရိတ်သတ်တွေပါပဲ !!!!

> အကို့ကိုဘယ်သီချင်းကိုလုပ်ပြီ ပရိတ်သတ်တွေကအသိမှတ်ပြုလဲ...ခင်ဗျ
> ဒါတော့သတိမထားမိဘူးဗျ ကျွန်တော်ထင်တာကတော့ JB ရဲ့ Baby သီချင်းကို Copy လုပ်ပြီးတဲ့နောက် လူနည်းနည်းသိလာတယ်ထင်တာပဲဗျ ဟက် .. ဟက် ဘာလို့လဲဆိုတော့ ဒီကောင် JB သီချင်း Copy လုပ်ပြီး ဘယ်သူ့သီချင်း Copy လုပ်ဦးမလဲဆိုတာ သိချင်စိတ်နဲ့ လိုက်နားထောင်ကြည့်ကြတယ်ထင်တယ်ဗျို့ ,,, xD



> အကိုဒီနှစ်ထဲမှာပဲဘာသီချင်းများလုပ်ဖြစ်ဦးမလဲဗျာ
> ကျွန်တော် Official အတွက်အများဆုံးလုပ်ဖြစ်မယ်ဗျ Bunny Phyoe နဲ့ တစ်ပုဒ် Ko Htun Htun Examplez နဲ့ တစ်ပုဒ် နောက် Pa South နဲ့ UG Love Song လေးတွေလုပ်ဖြစ်မယ်ဗျ ~


> စင်ပေါ်အရင်တက်တာနဲ. နောက်မှာတက်တာ အဲ.လိုပြိုင်ဆိုင်စကားပြောလာရင်
ဘယ်လိုပြန်ဖြေမလဲ
> အိ .. သေရောဗျာ ကျွန်တော် လုပ်နေတာ pOPular ဖြစ်အောင်လုပ်နေတာ မဟုတ်သလို Show ပေါ်တက်ရအောင်လုပ်နေတာလည်း မဟုတ်ဘူး ကျွန်တော် လုပ်ချင်တဲ့ သီချင်းမျိုး ကျွန်တော် လုပ်မယ် ပရိတ်သတ် အားပေးရင် ပျော်မယ် Show ခေါ်ရင်ဆိုမယ် ဒီလောက်ပါပဲ !! သူတို့လာပြောရင်လည်း ဒီတိုင်းပဲ ကျွန်တော်ကတော့ ဘာမှ ပြန်မပြောပါဘူးဗျာ !!!
>

> ပန့်တွကတော်တော်များများပြောကြတယ်ပေါ့အခု
> အသစ်စတိုင်ကသူတို့လိုဝမ်းဝေးနဲအောက်ကျပ်တွေ
> ဝတ်ကြတယ်အရှက်မရှိဘူးပြောကြတယ်..တုံပြန်မှုစကားလေးပေးပါဦး
> ဒါကတော့ Free Style ပါပဲဗျာ ကိုယ်ဝတ်ချင်တာ ၀တ်ပြီး ကိုယ်လုပ်ချင်တာကို လုပ်နေကြတာပါ အကြပ်တွေဝတ်တယ်ဆိုတာကလည်း New Boyz ပုံစံမျိုးတွေက အရမ်းခေတ်စားလာလို့လေ Punk တွေက သူတို့အထာခိုးနေတယ် ထင်နေတာ ~~~~


> နိုင်ငံခြားHip Hop music တွေထဲက အကိုအကြိုက်ဆုံး သီချင်းတစ်ပုဒ်လောက်
> Eminem နဲ့ Rihana ရဲ့ Love The Way You Lie သီချင်းပါ ~~~


> အချစ်ရေး အခြေအနေလေးကကောပေါ့ နည်းနည်းလောက်ပရိတ်သတ်ကြီးကိုပြောပြလို့ရမလား
> အချစ်ရေးကတော့ ကျွန်တော့်ကို သိတဲ့သူတိုင်း ကျွန်တော့် ကောင်မလေးကို သိကြပါတယ် ဒီထက်ပိုပြီးပြောပြနေစရာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ် !!! :)


> ပရိတ်သတ်တွေအကို့ဝေဖန်ဆက်သွယ်ချင်ဆိုရင်ဘယ်လိုများဆက်သွယ်မလဲမသိဘူးခင်ဗျ
> Gtalk ဆိုရင်တော့ tayzamc@gmail.com ပါ ~~`
Facebook ဆိုရင်တော့ ဒါ ကျွန်တော့် Fans Page LInk ပါ >> http://www.facebook.com/pages/Tay-Za-MC/158062924217683?sk=app_2405167945 အဲ့ဒီမှာ ကျွန်တော့် သီချင်းတွေအကုန်နီးပါးတင်ထားပါတယ် ~~~


> ခုနောက်ဆုံးအနေနဲ့အကိုတေဇဘာများပရိတ်ကြီးကိုပြောချင်သေးလဲ
> ကျွန်တော်ကြိုးစားနေပါတယ် လို့ Official Cd လည်း ထွက်တော့မှာပါလို့ ပြီးတော့ အတွဲခွေတွေမှာလည်း ဆိုဖို့ရှိပါတယ်လို့ ထွက်လာရင်အားပေးကြပါဦးလို့ပြောချင်ပါတယ် ~~ :)


> ခုလိုကျွန်တော်တို့ မေးသမျှဖြေကြားပေးတဲ့ကိုတေဇကိုကျေးဇူးတင်ပါတယ်
> ဟုတ် ကျွန်တော့် နဲ့ ကျွန်တော့် ပရိတ်သတ်တွေ နီးကပ်စေဖို့ ဒီလို မေးခွန်းလေးတွေမေးပေးတဲ့ အတွက် ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်ဗျာ ~~~



> နောက်လည်းဒီထက်မကအောင်မြင်ပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်
> ပေးတဲဆုနဲ့ပြည့်ပါစေဗျာ ~~~~

~^Tay Za MC^~ By MHM

Recent Comments

MHM Chat

Search All Songs Here

95.1 Street FM Online Radio

Followers

Facebook

Enter your email address:

Twitter Update