Interview With Double - Nyi

မင်္ဂလာပါ... ကို Double - Nyi
ဟုတ်ကဲ့မင်္ဂလာပါဗျာ့
အကို့ရဲ့နာမည်အရင်းကိုပရိတ်သတ်သိအောင်ပြောပြပါဦး..
ဟုတ်ကဲ့ပါနံမည်အရင်းကတော့...ညီညီလတ်ပါ..ကျောင်းနံမည်တော့ညီညီငယ်ဖြိုးပါ
အကို့ရဲ့မွေးနေ့ကိုပြောပြပါဦးခင်ဗျား
ဟုတ်ကဲ့မွေးနေ့ကမှတ်ရလွယ်တဲ့..ထိပ်ဆုံးနံပါတ်..ကစတယ်ဗျာ့..၁၁.၁.၁၉၈၄ တဲ့
မွေးနေ့လက်ဆောင်ပေးချင်သူတွေမှတ်လို့ကောင်းဒါပေါ့..ဟဲဟဲ
အခုဆိုရင်ကျွန်တော်တို့ Myamar HipHop Music မှအကို့ကိုပထမဦးဆုံးအကြိမ်နဲ့အင်တာဗျူးတာ အကို့ရင်ထဲကိုစိတ်ကျေနပ်ရဲ့လား
အော်ဟုတ်ကဲ့ပါ..ဒါမရှိမဖြစ်လိုအပ်တဲ့မီဒီယာပိုင်းအထောက်အကူပေါ့ကောင်းပါတယ်ဗျာ့..ဟုတ်ကဲ့
အကို လုပ်ဖြစ်တဲ့ပထမဦးဆုံးသီချင်းလေးကိုပြောပြပါဦး
ပထမဆုံးဒီလောကထဲကိုအဓိပ္ပါယ်ဆိုတဲ့သီချင်းနဲ့ဝင်ရောက်ခဲ့ပါတယ်...အိုက်သီချင်းက..MC Ba Mg နဲ့ဆိုဖြစ်ခဲ့တဲ့သီချင်းလေးပါ..
အိုက်သီချင်းလေးလဲလူကြိုက်များခဲ့ပါတယ်..အားပေးကြတယ်..ခုတော့အိုက်သီချင်းကို..ဒီနေ့ Vol.2 ထဲ့မှာထည့်ထားပါတယ်..သီချင်းကို..နေပြည်တော်လမ်းမှာရိုက်ကူးဖို့စီစဉ်နေပါတယ်
ထွက်လာရင်လဲအားပေးပါအုံးလို့ပြောချင်ပါတယ်
ဟုတ်ကဲ့..အဲ့ဒီအဓိပ္ပါယ်ဆိုတဲ့သီချင်းက တော်တော်ကျော်ကြားအောင်မြင်တယ်နော်အဲ့ဒီချင်းအကြောင်းကိုပြောပြပါဦးခင်ဗျား
သီချင်းလေးရဲ့အဓိပ္ပါယ်ကတော့ကောင်မလေးကိုချစ်တယ်..ပေးဆပ်တယ်..ဒါမဲ့သူကနားလည်မှူမပေးနိုင်ဘူး..ကိုယ်ကဂီတကိုခုံမင်တဲ့လူတွေပေါ့...
ပထမငါ့ရက်စ်ကဘုရား.ဒုတိယနင့်အချစ်ကဘ၀ဆိုတဲ့အတိုင်း..နားလဲမှူမပေးနိုင်လို့ကောင်မလေးကတစ်ခြားတစ်ယောက်နဲ့ဖောက်ပြားသွားတဲ့အကြောင်းရာလေးပါ
သြော်..အကိုနဲ့ TG က အမြဲတမ်းသီချင်းတွဲဆိုတာလား သီချင်းထဲမှာအမြဲတွေ့တယ်ဆိုတော့လေ
အော်ဟုတ်ပါတယ်သူနဲ့တွဲရတဲ့အကြောင်းရင်းကသူနဲ့ကျတော်သီချင်းတွဲလုပ်ရင်မြန်တယ်ပြီးတော့ညှိလို့ရတယ်သူနဲ့ကလေ
သူကလဲကျတော့အဖွဲ့ဝင်လေးဖြစ်နေတော့သူနဲ့ပဲလုပ်ဖြစ်တာများပါတယ်
အဓိကကတော့.သူကတော်တယ်..အရေးပိုင်းမှာ..စဉ်းစားနိုင်တယ်..သူတော်ပါတယ်


အကိုရဲ့သီချင်းတွေအာလုံးပေါင်းဘယ်နှစ်ပုဒ်လောက်လုပ်ဖြစ်ပြီလဲ
သီချင်းတွေက..တော့..solo တော့နည်းသေးတယ်.. အတွဲလုပ်တာဆိုတော်တော်များနေပြီ..တစ်ချို့သီချင်းဆိုမှတ်တောင်မမှတ်မိတော့ဘူးဟီးး
ခန့်မှန်းခြေတော့..အပုဒ်၈၀ကျော်တော့ရှိလောက်ပြီ
အကို့သီချင်းတွေအာလုံးထဲမှာပေါ့နော် ဘယ်သီချင်းကိုစိတ်ကျေနပ်အားရဆုံးလဲ
သီချင်းတွေထဲမှာဆို..အနာဂတ်လမ်းတို့..နှုတ်ဆက်ချိန်တို့ပေါ့နော်..လုပ်သမျှကိုအားရပါတယ်.ဘာလို့လဲဆိုတော့..ကိုကတော့အကောင်းဆုံးဖြစ်အောင်လုပ်ထားလို့လေ
ဟုတ်ကဲ့
အကိုတကယ်လို့မွေးနေ့ပွဲမှာတို့ သူငယ်ချင်းပါတီတို့ သူငယ်ချင်းမွေးနေ့တို့ Show ပွဲဆိုဖို့အစီအစဉ်ရှိလား
အော်ဟုတ်ကဲ့ခုလောလောဆယ်တော့မွေးနေပွဲတွေမှာတော့မဆိုဖြစ်သေးဘူးဗျာ့..ပါတီပွဲတွေတော့ဆိုဘူးပါတယ်.အရင်ကတော်တော်များများ..ရှိုးပွဲကြီးလဲဆိုဘူးတယ်..လေ.မျှော်စင်ကျွန်းမှာမှာ..ခုလောလောဆယ်တော့..ပြောထားဒါတော့ရှိတယ်... Channel V မှာဆိုပေးဖို့ကမ်းလှမ်းထားဒါရှိတယ်ဟုတ်ကဲ့
အကိုက ဘယ်အချိန်တုန်းကအနုပညာလောကထဲကိုစတင်ဝင်ရောက်ခဲ့တာလဲ ကျောင်းပြီးမှဝင်ခဲ့တာလား
မဟုတ်ဘူးဗျာ့..ကျတော်ကျောင်းပြီးတော့နိုင်ငံခြားကိုထွက်သွားတယ်..၇နှစ်ကြားပြီး..ပြန်လာပြီးမထပ်လုပ်ဖြစ်တာ...ဟိုမှာနေတုန်းကတော့..အတီးပိုင်းပညာကိုပဲလေ့လာဖြစ်တယ်..ပေါ့နော်..၇နှစ်လောက်ကိုသီချင်းလုပ်တာUG မှာတော့..၀င်လာဒါ..၁နှစ်ခွဲလောက်တော့ရှိပြီး..Main Stream ထဲကိုတော့..ပြီးခဲ့တဲ့ဝုန်းဒိုင်းကြဲခွေထွက်ပြီးမှ..ရောက်ခဲ့တာပါ
သြော်...နိုင်ငံခြားဆိုလို့စပ်စုတာတော့မဟုတ်ဘူးနော်..အကိုရဲ့ချစ်သူစင်္ဂကာပူမှာဆုံးသွားတယ်ဆို..အဲ့ဒါဟုတ်လား ဒါမှမဟုတ်ရင်ကောလဟာလလား
အိုက်ဒါဟုတ်ပါတယ်...အစာအိမ်ကင်ဆာနဲ့ဆုံးသွားဒါပါ..ကံပဲပေါ့..ကျတော့ရင်ထဲက.သူတော့ဆုံးသွားခဲ့ပါပြီ
သူအတွက်ရေးထားတဲ့သီချင်းနိုဝင်ဘာ၁၅မင်္ဂလာဒုံဆိုတဲ့သီချင်းကိုကျတော့်ဖြန့်ထားပါတယ်..အိုက်သီချင်းလဲတော်တော်အားပေးသံကြားရတယ်
အထူးသဖြင့်မန္တလေးဘက်ကပရိတ်သတ်ပိုများမယ်ထင်တယ်
အိုက်သီချင်းကတကယ်အဖြစ်ပျက်ကိုရေးပြီးဆိုထားဒါလေ..အိုက်သီချင်း MTV ရိုက်ထားတယ်..ဒီနေ့..ခွေမှာထည့်ထားပါတယ်..နောက်လ၉လပိုင်းလောက်ထွက်လိမ့်မယ်ထင်တယ်...မျှော်လင့်ထားတယ်အားပေးကြပါလို..
ဟုတ်ကဲ့..ကားရတာစိတ်မကကောင်းပါဘူး..သူဆုံးသွားတာတုန်းကအကိုဘယ်လိုခံစားရလဲ..
ဘာပြောရင်ကာင်းမလဲဗျာ့..၃ရက်တိတိမစားနိုင်မသောက်နိုင်ငိုခဲ့ဒါပေါ့အားရပါးရ..သူတော့မသိနိုင်ဘူးပေါ့
အမတော်မြနန်းနွယ်တော့သိမှာပေါ့..ပြီးတော့ဘိုတစ်ထောင်ဘုရားပေါ့
ဟုတ်ကဲ့..အကိုသီချင်းမလုပ်ခင်မဆိုခင်ကပေါ့နော်...ဘယ်အဆိုတော်ကိုသဘောကျ..အားကျပြီသီချင်းဆိုဖြစ်ခဲ့လဲခင်ဗျာ
အဲငယ်ငယ်တုန်းကတော့..ဦးချစ်ကောင်းပေါ့..ကြီးလာတော့..ကိုလေးဖြူ..ကိုအငဲ..နဲ့ကိုမျိုးကြီးတို့ပြီးတော့..ကိုဂရေဟမ်တို့ကကျွှန်တော်အတုယူရတဲ့..လူတွေပါ..မြင်ဆရာဆိုလဲမမှားပါဘူး..ဟုတ်ကဲ့
နောက်ပိုင်းတော့..ဂီတပိုးကြောင့်ပေါ့
ကိုလေးဖြူ တွေနဲ့ဟစ်ဟော့လောကနဲ့တစ်ခြားဆီပဲနော်အကိုဘယ်လိုကြိုက်ခဲ့လဲမသိဘူး
အတုယူစရာလူပေါ့ကျတော်က..Rock Pop လိုင်းက.ဒီဘက်..RnB နဲ့ Hip Hop လိုင်းကိုပြောင်းခဲ့ဒါပါ RnBဂီ တကိုကြိုက်လို့ပါဒီဘက်ကိုပြောင်းခဲ့ဒါပါ ..RnB ဂီတကိုကြိုက်လို့ပါဒီဘက်ကိုပြောင်းခဲ့ဒါပါ
ဒီတော့ကျွှန်တော်ကိုယ်တိုင်ကလဲကြိုက်တယ်ဆိုတော့လုပ်ဖြစ်သွားဒါပါ...ပြီတော့.. ဒီခတ်မှာက.. Band နဲ့တီးဖို့ကမဖြစ်နိုင်တော့ဈေးကကြီးတယ်လေ
RnB ၈ီတကတော့ကွန်ပြူတာတစ်လုံးရှိရင်စိတ်ကြိုက်ဖန်တီးနိုင်တယ်လေ
အိုက်ဒါလဲပါပါတယ်အမှန်တော့ဂီတတွေအားလုံးကတူတူပါပဲ
ပုံစံခြားနားပေးမဲ့အနှစ်သာရတူတူပါပဲ အားလုံးက
ဒိုရေမီဖာဆိုလာတီဆိုတဲ့သံဇဉ်၇လုံးနဲ့ဖြစ်လာဒါပါ.ကျွန်တော်တော့ဒီလိုပဲခံယူထားပါတယ်
အခု..အကိုတို့သီချင်းထပ်ထွက်မယ့်အသစ်ရှိ မရှိဆိုတာကိုပရိတ်သတ်တွေသိချင်မှာပါ
ဟုတ်ကဲ့သီချင်းတွေကများတော့..အရင်ကဆို.တစ်လထဲမှာ ၄ပုဒ်၅ပုဒ်လောက်ထွက်ဘူးတယ်
တော်တော်ပွထနေပြီသီချင်းတွေ..ဟီး
ဒါကြောင့်ခုတော့နည်းနည်းမဖြန့်ဖြစ်တာပါသီချင်းတွေကရှိတယ်..လုပ်ထားဒါ
တစ်လကို၁ပုဒ်၂ပုဒ်လောက်ပဲထုတ်ပြသွားမှာပါ...ဟုတ်ကဲ့
အခုအကိုသီချင်းမဆိုခင်မှာပေါ့နော်..ဘယ်သူနဲ့ဆက်သွယ်ရခဲ့လဲဆိုတာကိုပြောပြနိုင်မလား..
ဟုတ်ကဲ့ပါ..
သီချင်းမဆိုခင်ကအဆက်သွယ်က..နိုင်ငံခြားကဒီရောက်တော့..ကျတော်..အင်တာနက်ဆိုင်လေးဖွင့်ထားတော့..ဆိုင်မှာလာသုံးတဲ့လူတစ်ယောက်နဲ့ခင်တယ်..သူကလဲသီချင်းလုပ်တယ်..သူက..Jk.MC သူနဲရင်းနှီးပြီး..နောက်ပိုင်းသူက MC. BA MG နဲ့.မိတ်ဆက်ပေးပြီး..ပထမဆုံးသီချင်းအဓိပ္ပါယ်ကိုအသက်သွင်းခဲ့ဒါပါ..အိုက်နောက်ပိုင်းမှာလူတော်တော်များများနဲ့ရင်းနှီးခဲ့ပြီးဒီအသိုင်းဝိုင်းတော်တော်များများနဲ့ရင်းနှီးခွင့်ရခဲ့ပါတယ်
ခုတော့..ဘုတ်ကြီးဖြစ်နေပြီပေါ့.ဟဲဟဲ..ဒီသိုင်းဝိုင်းမှာပေါ့နော်..ဟိုနေရာလဲပါ..ဒီနေရာလဲပါနေတဲ့.သူပေါ့ဟဲဟဲး)
စန္ဒီ1500 ခွေမှာလဲ..ကူညီပေးထားတယ်..၀င်တိုက်တဲ့နေရာမှာပေါ့ဟီးး.အိုက်ဒါကလဲသူငယ်ချင်းကူညီတောင်းလို့ပါ..သူကကျောင်းနေဘက်သူငယ်ချင်းဆိုတော့..ကူညီပေးလိုက်တာပါ..ဖြတ်လျှောက်ပေါ့ဟဲဟဲ
ခုတော့တော်တော်များပါပြီသိတဲ့လူတွေ..ဟုတ်
အကိုတို့အဖွဲ့အချင်းအချင်း ပြဿာနာတစ်ခါတစ်လေရှိမှာပေါ့နော်အဲ့ဒီပြဿာနာတွေတစ်ယောက်နဲ့တစ်ယောက်ဘယ်လိုဖြေရှင်းရလဲ
ပြသနာတော့မရှိဘူးဗျာ့.. TG ကကျတော့်ထက်အများကြီးငယ်တယ်လေ..ရှိလဲညှိကြဒါပေါ့ဒီလိုပဲမရှိဒါများပါတယ်
ဒါကြောင့်လဲတွဲဖြစ်နေဒါပါ..။ အဖွဲမှာနောက်တစ်ယောက်ရှိသေးတယ်Air Air
ဆိုတဲ့ကာင်းမလေးတစ်ယောက်ပါသူကတော့မော်လမြိုင်သူပေါ့သူကိုလဲဆွဲတင်ထားပါတယ်
ခုတော့နေရာတော်တော်ရနေပါပြီသူလဲUG mha မှာ
သူကဖြစ်နိုင်ခြေများကြီးရှိတယ်ဖန်တီးမှုတွေကောင်းတယ်ရှားပါတယ်သူလိုလူက..ဒါကြောင့်လဲဆွဲတင်ဖြစ်သွားဒါပါ
ထူးခြားမှူက..သူကMain Stream ပေါ်မရောက်သေးပဲ..သီချင်းက.. www.myringtuneonline.com
်အိုက်မှာ..မြန်မာပြည်တစ်ပြည်လုံးသုံးနေတဲ့.. ဖုန်းတွေမှာ..Ring TUne အဖြစ်သုံးနိုင်ဒါပေါ့..သူရဲ့တိုးတက်မှူတစ်ခုပါ
ကျွှန်တော့သီချင်းတွေလဲရှိပါတယ်..အားပေးကြပါလိုပြောချင်ပါတယ်..။
ဟုတ်ကဲ့..အခုလူမျိုး အောင်မြင်မှုတွေကို ကို Double - Nyi အနေနဲ့ စိတ်ကျေနပ်ပြီလား
မကျေနပ်ပါဘူး..အောင်မြင်မှုတစ်ခုတည်းနဲ့ဒီလမ်းကိုလျှောက်ခဲ့ဒါမဟုတ်ဘူးလေအဓိကကတော့ဝါသနာပါ
နေရာတစ်နေရာရအောင်တော့ကြိုးစားနေမှာပါ..ကြိုးစားသူတိုင်းအတွက်တော့နေရာတစ်နေရာရှိနေမယ်လို့ယုံကြည်ပါတယ်
ခုလဲကျွှန်တော်မအောင်မြင်သေးပါဘူးအများကြီးလိုပါသေးတယ်ကြိုးစားဆဲပါ..ဟုတ်ကဲ့
အကိုက..သိပ်တောင်အောင်မြင်သေးဘူး.ပရိတ်သတ်တွေအများကြိးပဲနော် အောင်မြင်လိုက်ရင်တော့ဘယ်လောက်များ များမလဲမသိဘူး.. ကျွန်တော့်ဆီမှာ ကို Double- Nyi သီချင်းပဲလာတောင်းကြတယ်အကို့ပရိတ်သတ်တွေက
အဲဟုတ်လားဗျာ့..ကြားရဒါတော့အားရစရာကြီးပဲဗျာ့..ဟုတ်ကဲ့ကျတော်အတိုင်းထက်အလွန်ဝမ်းသာပါတယ်ဗျာ့..ကြိုးစားနေပါတယ်..အကော်းဆုံးဖြစ်အောင်..ဒီထက်မကချပြချင်သေးတယ်..ကြိုးစားနေတယ်..
သီချင်းတွေကိုဖြန့်နိုင်အောင်တော့ကြိုးစားသွားမှာပါ..ခုတော့၎ယောက်ပေါင်းပြီး...solo ခွေတစ်ခွေလောက်စီစဉ်နေလို့ပါဒါကြောင့်လဲ..သိပ်မဖြန့်ဖြစ်ဒါပါလို့..အားပေးတဲ့လူတွေကိုလဲအရမ်းကျေးဇူးတင်ပါတယ်ဗျာ့
ဒါနဲ့အခုလက်ရှိအကို့မှာ ရန်ခုန်ရမယ့်ချစ်သူရှိ မရှိဆိုတာ..ကိုသိခွင့်ပေးပါဦး..အကို့ပရိတ်သတ်တွေကို...
ဟုတ်ကဲ့..ချိန်ပါဖြစ်နေဒါလေ..ဟီးကံကိုမကောင်းပါဘူး..ဒီလိုပဲ..ကိုတစ်ကယ်ကြိုက်တော့မယ်ဆို..မရဘူးဗျာ့..အိုက်လိုကိုဖြစ်နေဒါ.လိုတမရပေါ့...လိုတရအမွေးတိုင်ထွန်းမနဲတူတယ်ဟီး
ဟုတ်..အခု အကို့ကိုလူငယ်ပရိတ်သတ်တွေကဆက်သွယ်ချင်ပါတယ်ဆိုဘယ်လိုဆက်သွယ်မလဲမသိဘူးခင်ဗျာ
ဟုတ်ကဲ့..ဆက်သွယ်ချင်ရင်တော့..nyinyipaing2006@gmail.com ကိုဆက်သွယ်နိုင်ပါတယ်ဟုတ်ကဲ့
အကိုဆိုမယ့်သီချင်းကိုကိုယ်တိုင်ရေးကိုယ်တိုင်ဆိုတာပဲလား
ဟုတ်ကဲ့တော်တော်များများကိုတိုင်းရေဒါပါ..ကိုယ်တိုင်ရေးဒါများပါတယ်..ဟုတ်ကဲ့
သီချင်းရေးတဲ့ခံစားချက်ပြောပြပါဦး ..ဘယ်သူ့ကိုရည်ရွယ်ထားတာရယ်ဘာရယ်ညာရယ်ပေါ့
အဟက်အိုက်ဒါတော့ပုံသေမရှိပါဘူး..ခံစားချက်ထွက်လာရင်ထွက်လာတဲ့အတိုင်းရေးလိုက်တာများပါတယ်..နိုဝင်ဘာ၁၅ မင်္ဂလာဒုံနဲ့...ကြယ်တွေလိုပဲကတော့..ခံစားချက်ပြင်းထန်လွန်းလို့ရေးထားဒါပါ
အိုက်ဒါကတော့.လူတော်တော်များများသိလောက်ပြီးဖြစ်မှာပေါ့..ဟုတ်ကဲ့
ဟုတ်..အကိုလုပ်တဲ့ကြယ်တွေလိုပဲဆိုတဲ့သီချင်းလည်း..တော်တော်ကောင်းတယ်နော် တော်တော်လည်းဖြန့်တယ် အဲ့ဒီအကြောင်းနည်းနည်းပြောပြပါဦး..
ကြယ်တွေလိုပဲသီချင်းကတော့..ကောင်းမလေးတစ်ယောက်ကိုခံစားပြီးရေးထားဒါပါ..ဒါမဲ့ဒါလဲပြီးသွားခဲ့ပါပြီ
သူစိတ်သဘောအတိုင်းသူကြိုက်ရာလမ်းကိုရွှေးချယ်လိုက်ပြီပဲလေသူအပေါ်စိတ်တိုင်းကျနေပေးခဲ့ပါတယ်..ဒါပေမဲ့..သူနဲ့ကံမပါလာဘူးဗျာ့ပြီးသွားပြီပေါ့
မပြီးခင်ကသူကိုခံစားပြီးရေးထားဒါပါ...အိုက်သီချင်းလဲလူတော်တော်ကြိုက်ကြတယ်...ငိုသံပေါက်နေလိုဖြစ်မယ်ဟီးဟုတ်ကဲ့ပါ
သွင်းတုန်းတော့ mood အပြည့်နဲ့ဆိုခဲ့ဒါပဲအသံကတော့ဘယ်လိုဖြစ်သွားလဲတော့မသိလိုက်ဘူ..ဟုတ်ကဲ့ပါ
ဒါပေမဲ့ကောင်းပါတယ် မဆိုးပါဘူး ကောင်းပါတယ် ပရိတ်သတ်တွေအတွက် ပြောရရင် Heart ထိတယ်ပေါ့
ဟုတ်ကဲ့
အကိုတို့က အနုပညာနဲပဲအချိန်ကုန်ခံတာလား ဒါမှမဟုတ်ရင် အနုပညာတစ်ခြားအပြင်ဘာလုပ်တာရှိသေးလဲ
ဟုတ်ကဲ့...အင်တာနက်ဆိုင်ဖွင့်ထားပါတယ်..ဂိမ်းနဲ့အင်တာနက်ဆိုင်ပါ
အားပေးလို့ရပါတယ်...ဟုတ်
၃၉လမ်းအလယ်ဘလောက်အမှတ်၂၀၄မြေညီထပ်မှာပါ..ဆိုင်နံမည်ကတော့..Tom City ပါဖိတ်ခေါ်လိုက်ပါတယ်...ဟုတ်ကဲ့
အဆင်ပြေပါစေလို့..ကျွန်တော်တို့ဆုတောင်းပေးလိုက်ပါတယ်..
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်.ခုလိုအင်တာဗျူးတဲ့..ညီတို့ဆိုဒ်လဲဒီထက်မကအောင်မြင်မှူရပါစေလိုဆုတောင်းပေးလိုက်ပါတယ်...
ဟုတ်ကဲ့..မေးတဲ့မးခွန်းတွေကလည်းများနေပါပြီလုံလောက်ပါတယ် ခုလို စိတ်ရှည်လက်ရှည်နဲ့ဖြေပေးတဲ့ ကို Double - Nyi အရမ်းကိုကျေးဇူးတင်ပါတယ်
ဟုတ်ကဲ့ကျွှန်တော်ကလဲခုလိုမေးမြန်းပေးတဲ့ညီနဲ့ညီတို့ဆိုဒ်ကိုလဲအထူးကျေးဇူးတင်ပါတယ်လို့..နောက်ကိုလဲမေးမြန်နိုင်ပါတယ်လို့..
ကျတော်သီချင်းတွေထွက်လာရင်လဲဖြန့်ပေးပါအုံးလို့ပြီးရင်..ပရိတ်သတ်တွေလဲအားပေးကြပါအုံးလို့.
.ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့
မေးမှာပေါ့ မေးမှာပေါ့ ဒါပထမဦးဆုံးကြိမ်ပဲရှိသေးတယ်နောက် ဒုတိယ အကြိမ် တို့ တတိယအကြိမ်ရှိသေးတယ်
ဟားးးးးးးဟုတ်ကဲ့ပါဟုတ်ကဲဖြေပေးပါ့မယ်
နောက်လည်း ကို Double- Nyi ဒီထက်မကအောင်မြင်နိုင်ပါစေဗျာ..
ဟုတ်ကဲ့ညီကျေးဇူးတင်ပါတယ်နော်























Recent Comments

MHM Chat

Search All Songs Here

95.1 Street FM Online Radio

Followers

Facebook

Enter your email address:

Twitter Update