Interview With DemoJacktoo

DemoJacktoo ရဲ့ပထမဦးဆုံးအကြိမ်အင်တာဗျူး...



mhm..မင်္ဂလာပါ ကို DemoJacktoo

ဟုတ်ကဲ့ မင်္ဂလာပါ ခင်ဗျား

mhm..အကို့ရဲ့နာမည်အရင်း..ကိုချစ်ပရိတ်သတ်တွေကိုပြောပါဦး...
ကျွန်တော့နာမည်အရင်းက အောင်မြင့် သူ ပါ..အနုပညာ လုပ်မှ ဒီမို ဂျစ်တူးလို့ပြောင်းလိုက်တာပါ..။
ဒီနာမည်ကိုဘယ်လို ဘာလို့ ရွေးချယ်လဲဆိုတာကိုရှင်းပြပါဦး..
ငယ်ငယ်က အိမ်နားက လူကြီးတွေကဒီမို ဒီမို ဆိုပြီး ခေါ်ကြတယ် သူငယ်ချင်းတွေလဲ
အဲလိုပဲခေါ်တယ် နောက်တော့ ဂျစ်ကန် ကန် နေလို့  ဂျစ်တူးလို့ ပြောကြတာနဲ့ ဒီမို ဂျစ်တူး ဖြစ်လာတာပါ..။

mhm...သြော်..အခုအကိုရဲ့ပထမဦးဆုံးသီချင်းက ဘာအမည်လဲ..မသိဘူး
မေ့ ထား ပါ သီချင်းလေးပါ ဒါကျွန်တော် ရဲ့  အကြိုက်ဆုံးသီချင်းနဲ့  ပထမဆုံး ဆိုဖြစ်တဲ့သီချင်းလေးပါ

အကို HipHop လောကထဲကိုဘယ်အချိန်တုန်းကစဝင်ရောက်ခဲ့တာလဲ

့ဒီလောကမှ ကျင်လည်နေတာ ကြာပြီ ဒါပေမဲ့  အခုမှ သေသေချာချာ သီချင်းတွေဆိုဖြစ် ရေးဖြစ်တယ် ပေါ့နော် ၂၀၁၀ လောက် မှ ပိုပြီးဇောက်ချလုပ်ဖြစ်ပါတယ်..။

mhm..အကို ဘာဆက်လုပ်ဖို့အစီအစဉ်ရှိလဲ..အခုနောက်ပိုင်း?

အခုနောက်ပိုင်းပေါ့ ကိုအိန်းအိန်းတို့ လုပ်တဲ့ အခွေ တခွေမှာပါမယ် ပြီရင် ကိုဘုန်းကျော်သူတို့ လုပ်တဲ့အခွေမှာလဲ ပါမယ် ဒါတွေထွက်ပြီးရင်တော့ thin zar ဆိုတဲ့ကောင်မလေး တယောက်နဲ့  တခွေ ထွက်ဖို့ရှိပါတယ်

mhm..အကိုဆိုတဲ့သီချင်းတွေကိုယ်တိုင်ရေးတာလား
ကျွန်တော်ရေးတယ် အားလုံးကလဲ ကိုယ်ပိုင်သံစဉ်တွေပါပဲ ဗျာ ကျွန်တော်ဆိုတဲ့ သီချင်းတိုင်းပေါ့နော်

mhm..အကိုသီချင်းမဆိုခင်မှာဘယ်လိုအခက်ခဲတွေနဲ့ကြုံတွေ့ရလဲဆိုတာကိုပရိတ်သတ်တွေသိအောင်ပြောပြပါဦး
မဟုတ်ဘူးလို့  ကဲ့ရဲ့ရူတ်ချတဲ့ စကားတွေ အများကြီး အပြောခံရပါတယ် စတူဒီယို အခက်အခဲတွေကြုံတွေ့ ရတယ် တချို့ ဆရာသမားတွေက လုပ်ပေးမယ်ပြောပြီး အတိတ်မေ့သလို ရွေ့  ပျောက်သလို လုပ်ကြတာကိုလဲ ခံရဖူးပါတယ် ။ ။

mhm..ဟုတ်ကဲ့...နောက်သီချင်းမဆိုခင်မှာပဲပေါ့နော်ဘယ်သူနဲ့အဆက်သွယ်လုပ်ဖြစ်လဲ
ကိုယ်ပိုင် ဆိုတဲ့ သူငယ်ချင်း လို အစ်ကိုလို လူတယောက်ရှိတယ် သူက အများကြီးသင်ပေးတယ် သူက hip hop တယောက်တော့ မဟုတ်ဘူး ဒါပေမဲ့သူဆီက တီးတာတွေ ရယ် သီချင်းရေးတဲ့ အပိုင်းတွေရယ် အများကြီးသင်ပေးတယ် သူ ကြောင့်ပဲ ဒီလောက ထဲဝင်လာတာပါ
အကို ဆိုတဲ့သီချင်းတွေအားလုံးမှာဘယ်သီချင်းကိုစိတ်ကျေနပ်အားရဆုံးလဲ
ချစ်သူထက်ချစ်တဲ့သူငယ်ချင်းရယ် မေ့ ထာပါ ရယ် စိတ်ကျေနပ်တယ် စာသားပိုင်းရော သံစဉ်ရော လုံး ၀ လန်းတယ် ဘယ်အချိန်ပြန်နားထောင် နားထောင် ရင်ထဲလုံးဝ ရောက်တယ်

mhm..ဘယ်သီချင်းက အကို့ကိုအသိမှတ်ပြုလဲ..ပရိတ်သတ်တွေကပေါ့နော်

မေ့ ထားပါ က တော်တော် အသိအမှတ်ပြုခံရတယ် ပြီးတော့ချစ်သူထက် ချစ်တဲ့သူငယ်ချင်းပေါ့ 

mhm..အကို..သီချင်းမဆိုခင်မှာ..ပဲဘယ်အဆိုတော်ကိုအားကျပြီဆိုဖြစ်ခဲ့လဲ

အများကြီးပဲဗျာ ကျွန်တော် က hip hoper တယောက် ဖြစ်နေပေမဲ့ ကိုလေးဖြူကိုတော့ တော်တော် အားကျတယ် ပြီးတော့ စိုင်းစိုင်းခမ်းလိုင် နဲ့ ဂျေမီ သူတို့ကိုအားလဲကျတယ်ကြိုက်လဲ ကြိုက်တယ် ဒါပေမဲ့  သူတို့ကို အားကျပြီးဆိုတာတော့မဟုတ်ဘူး ကျွန်တော်သီချင်းမဆိုရရင် အသက်မရှင်နိုင်ဘူးထင်တယ် ဗျာ

mhm..လေးဖြူကိုဘာလို့အားကျတာလဲ..ရှင်းပြပါဦး

သူ့သီချင်းတွေနဲ့ ကြီးပြင်းခဲ့ ရတယ်သူ့ သီချင်းဆိုတဲ့အခု လုံးဝ အသံ သြဇာ ကောင်းတယ် ခံစားချက်နဲ့ ဆိုတယ် သူစင်ပေါ်တင်လာရင် ကျွန်တော် ကြက်သီးတောင် ထ တယ် အဲဒါကလဲ ကျွန်တော် ဂီတကို ရူးသွပ်စေတဲ့အချက်ပဲထင်တယ်

mhm.. ဟုတ်ကဲ့..အကို့ကိုပရိတ်သတ်တွေက ..ဝေဖန်ချင်တယ်ဆိုဘယ်လိုဆက်သွယ်ရလဲ ..?

အမှတ် ၉၅၂ တောင်ဥက္ကလာ ၄ ရပ်ကွက် ၁၂ လမ်း ပါ ခင်ဗျား demojacktoo@gmail.com ကိုလဲ ဆက်သွယ် ဝေဖန်နိုင်ပါတယ်ခင်ဗျား

mhm...နောက်ထပ်ထွက်မယ့်သီချင်းတွေရှိသေးလားမသိဘူးခင်ဗျား

ရှိတယ် တပတ်တခါ သီချင်းတွေ တင်ပေးမယ် ထွက်မယ်ပေါ့ဗျာ ရှိသမျအားလုံးတင်ပေးပါ့မယ် နောက်ဆိုထားတဲ့သီချင်းတွေ လုံးဝ လန်းတယ် ( ကိုယ့်ပါသာကိုယ်ပြန်ကြွားနေမိပြီထင်တယ် )

mhm..ဒါနဲ့အကို ရေးတဲ့သီချင်းတွေဘယ်သူ့ကိုရည်ရွယ်ပြီရေးထားတာလဲ

ရေးတဲ့ သီချင်းတိုင်း ကောင်မလေး တယောက်ရဲ့ ရင်ဘတ်ကို ချိန်ရွယ်ပစ်ခတ် ထားတယ် သူ့ ရင်ဘတ်ကိုရောက်လားမရောက်လားတော့မသိဘူးပေါ့ ဗျာ

mhm...အကိုမှာရင်ခုန်ရမယ့်ချစ်သူရှိလား မရှိလားဆိုတာချစ်ပရိတ်သတ်အနေနဲ့သိခွင့်ရှိမလား

ရှိတယ် ဒါပေမဲ့ကျွန်တော်ကပဲ ရင်ခုန်နေတာပါ သူ့ဖက်ကတော့ လှည့် ကို မကြည့် ဘူးဖြစ်နေတယ် အဲဒါတော့ဆိုးနေတယ် ဗျာ

mhm..အခုလက်ရှိဘာလုပ်နေလဲဆိုတာကိုပြောပြပါဦး

ကျွန်တော် သင်တန်းတွေတက်တယ် myanmar music museum ဆို့ တဲ့ ကျွန်တော့် အဖွဲ့ အတွက် သီချင်းတွေ ရေး ပေး တီးပေးနေပါတယ်

mhm..အကိုဟစ်ဟော့လောကဝင်လာတုန်းကတစ်ယောက်တည်းလားဒါမှမဟုတ်ရင်အပေါင်းအဖော်နဲ့လား

ပထမ တယောက်တည်းပဲ နောက်တော့ မှ သူငယ်ချင်းတွေနဲ့ အဖွဲ့ ဖွဲ့ လိုက်တယ် အားလုံး ၀ါသနာ ပါတယ် ဆိုလို့ လေ

mhm..အကိုဘယ်နှစ်နစ်တုန်းက HipHop Crazy ဖြစ်ခဲ့တာလဲ ?

သေချာတာက ၈ တန်းနစ်လောက်ဆိုရင် လုံးဝ hip hop music က ကျွန်တော့်ရင်ဘတ်ကို ဗိုင်းရပ် ကိုက်သွားတယ် လုံးဝ ခိုက်သွားတယ်ဗျာ

mhm...အခုကျွန်တော်တို့လုပ်နေတဲ့ Myanmar Hiphop Music ဆိုက်ကိုအကိုဘယ်လိုမြင်လဲမသိဘူးဗျာ
ကြိုက်တယ်ဆိုတာထက်ကို အရမ်းကို အားကျပါတယ် ကျေးဇူးတင်ပါတယ် ဘာလို့ လဲဆိုတော့ အခုလိုဆိုက်တွေ အများကြီးပေါ်လာတဲ့  အတွက်တော့ တက်သက်စ အဆိုတော်တွေတော့ သူတို့ သီချင်းတွေကို ပရိတ်သတ်ကိုပေါင်းကူးပေးလို့ရတာပေါ့နော် အခုလို မျိုး အချိန်ကုန်ခံ အပင်ပန်းခံပြီး ဆိုက်ကိုထောင်တဲ့ ညီလေးတို့ကို တော့လုံဝ လေးစားပါတယ်..။

mhm...ဟုတ်ကဲ့..အကိုခုနောက်ထွက်လိုက်တဲ့ရုပ်ကျောက်အထာဆိုတဲ့သီချင်းလည်းတော်တော်ကောင်းတယ်နော် အဲ့ဒီသီချင်းရေးတဲ့အကြောင်းကိုပြောပြပါဦး..

လူတိုင်းဖြစ်တတ်တဲ့ ခံစားချက်နဲ့  ပရိတ်သတ်ကိုတည်ပစ်လိုက်တဲ့ သီချင်းလေးပါ လူတိုင်းက ကိုယ်ချစ်တဲ့သူရဲ့ လမ်းခွဲစကား မုန်းတဲ့စကားကိုမကြားချင်ကြဘူးလေ ဒါကြောင့်  မကြားချင်လောက်အောင်နားတေပိတ်ထားတယ်ဘာမှမသိတဲ့ ကျောက်ရုပ်အထာနဲ့ ခေါင်းလေးငုံ့ နေမယ်ဆိုတဲ့ 
ဟာလေးကို ရေးဖြစ်သွားတာပါ

mhm...ဟုတ်ကဲ့...မေးတဲ့မေးခွန်းတွေကတော်တော်များပါပြီခုနောက်ဆုံးအနေနဲ့အကို့ကိုအားပေးနေတဲ့ပရိတ်သတ်တွေကိုဘာများပြောချင်မလဲမသိဘူးဗျာ

ပရိသတ် တွေ အာလုံးကို ကျေးဇူးအရမ်းတင်ပါတယ် ဂီတ လောကမှ ကျွန်တော် အစွမ်းကုန်သွား ကြိုးစားသွားမှာပါနော်. ကျွန်တော့ သီချင်းတွေထွက်လာရင်လဲ အားပေးကြပါဦးဗျာ
အခုလိုအင်တာဗျူးပေးတဲ့  myanmarhiphopmusic ဆိုက်ကိုလဲ ကျေးဇူးအများကြီးပါတယ် လို့ ပြောချင်ပါတယ်

mhm...ခုလိုမအားရတဲ့ကြားထဲအချိန်ကုန်ခံပြီမေးသမျှမေးခွန်းတွေကိုလိုက်ဖြေကြားပေးတဲ့ DemoJacktoo အရမ်းကိုကျေးဇူးတင်ပါတယ်နောက်လည်းဒီထက်မကအောင်မြင်မှုတွေကိုရနိုင်ပါတယ်
ဟုတ်ကဲ့ ပေးတဲ့ ဆုနဲ့ ပြည့်ပါစေဗျာ


















Recent Comments

MHM Chat

Search All Songs Here

95.1 Street FM Online Radio

Followers

Facebook

Enter your email address:

Twitter Update